Part 22 ( Unicode )

Comincia dall'inizio
                                    

"အင့် .... လွှတ် နွေးကို လွှတ်"

သွေးဖက်တာအားပါသွား၍ထင်သည်။သွေးရဲ့ကျောပြင်ကျယ်ကြီးကို နွေးက အားပါပါဖြင့်ထုနေသည်။

နွေးအသက်ရှု မဝမည်ကိုစိုး၍ လွှတ်ပေးလိုက်တော့ လဲ သွေးကို မကြည့် ၊ အတင်း မျက်နှာလေးကိုမော့‌စေမှ သွေးကို မျက်ရည်အရွှဲသားနဲ့ မော့ကြည့်လာသည်။

ကျစ် !! မှားပါတယ်ကွာ ‌ရှေ့လျှောက်ခင်ဗျားလေးနဲ့နေရင် လေသံကအစ ပြင်ရတော့မည်။

"နွေး မငိုပါနဲ့ ကွာ ကိုယ်တကယ်တောင်းပန်တယ်နော် ကိုယ်နောက်ဆိုပြင်ပါ့မယ် လေသံကိုလဲ အတတ်နိုင်ဆုံးထိန်းပါ့မယ်"

"နွေး အဲ့လိုရီးမနေပါနဲ့ကွာ ကိုယ်စိတ်ပူတယ် မနေတတ်ဘူး"

"နွေး....."

"ဟုတ်"

ထို့နောက်
ရုတ်တရက် နွေးက သူ့နှာခေါင်းလုံးလုံးလေးတွေကို လက်နှစ်ဖက်ဖြင့် အတင်းအုပ်လိုက်တာကြောင့်

"ဘာဖြစ်လို့လဲ နွေး..."

"နွေးမကြိုက်ဘူး.."

ထိုအခုမှ နွေးပြောချင်သည်ကို သွေးနားလည်သည်။

"အာ ဆောရီးကွာ ကိုယ့်သူငယ်ချင်းတွေက အတင်းသောက်ခိုင်းနေလို့ ကိုယ်တစ်ခွက်ပဲသောက်တာပါ မမူးဘူး"

"ရ ရပါတယ် ဒါပေမဲ့ နွေးက ခေါင်းမူးတော့ ဒီည ‌အကိုလရောင်သွေးပဲ အပြင်ထွက်အိပ်လိုက်တော့"

အမယ် ! ဒင်းလေးက မဂ်လာဦးညမှာ ယောကျာ်းကို ကုတင်ပေါ်က ကန်ချချင်နေတာပဲ ဒါမျိုးပြောဖို့ကြတော့ အသံက ငိုမဲ့မဲ့ မဟုတ်။

"ဟိတ် ဘယ်ပြေးတာတုန်း"

လစ်ခနဲပြေးမယ်ကြံနေတဲ့ နွေးရဲ့ ကိုယ်လေးကို သွေး အနောက်ကသိုင်းဖက်ကာ ပုခုံးသားနုနုလေးတွေကို အသာ ငုံ့ကိုက်လိုက်သည်။

"အာ့"

"ကျစ် ! အဲ့လိုမျိုး‌ မအော်စမ်းနဲ့နွေး"

ဒီလူစိတ်က ခင်ဗျားလေးနဲ့ပက်သက်ရင် သိပ် ရောင့်ရဲနိုင်တာ မဟုတ်ဘူး။

"နွေးက အော်ချင်လို့အော်တာလား သူပဲလာကိုက်နေပြီး‌တော့"

"အကိုလရောင်သွေးနော် နွေးကိုလွှတ်လို့ !!"

ᴛʜᴡᴀʏDove le storie prendono vita. Scoprilo ora