သူမရဲ့အိပ်ခန်းသို့ပြန်သွားကာရှုပ်ပွနေတာကိုရှင်းပြီး အန်ဆွဲထဲမှသေနတ်ကိုထုပ်ကာသေနတ်ထည့်လွယ်တဲ့ကြိုးကိုဝတ်ဆင်ကာသေနတ်ကိုသိမ်းလိုက်ပြီး လူများမမြင်စေရင်အပေါ်အင်္ကျီကိုထပ်ဝတ်လိုက်ပြီးထို့နောက်အရာရှိကပ်ပြားကိုအိပ်ကပ်ထဲထည့်ကာ အိမ်ပြင်သို့ထွက်လိုက်တော့သည်။

သူမနာရီကိုကြည့်လိုက်ပြီး
"ကြာလိုက်တဲ့ရှောင်မင်"

သူမခနအကြာလောက်ရပ်စောင့်နေပြီးမှာတော့ ကားတစ်စီးသူမရှေ့ထိုးရပ်လာပြီး ကားမှန်ကိုချကာ သူမအားလက်ပြနှုတ်ဆက်ပြီး

"ကြာသွားလို့တောင်းပန်ပါတယ်ခေါင်းဆောင်"

ရွှယ်ဟွားသည်ဘာမှပြန်မပြောကားတခါးကိုသာဖွင်ပြီးဝင်လိုက်ကာ ထိုင်ခုန်ပေါ်မှီကာထိုင်ချလိုက်ပြီး

"သွားလို့ရပြီ"

"ဟုတ်ကဲ့ပါ."

အခင်းဖြစ်သည့်နေရာကိုမရောက်သေးခင်ကားထဲမှာရွှယ်ဟွားသည်မျက်မှောင်ကျုပ်ကာစဉ်းစားပြီး

"ငါတို့အရင်ကကိုင်တဲ့အမူ့ပြီးသွားတာမှမကြာသေးဘူးဘာလို့နောက်ထပ်တစ်ခုကဒီလောက်မြန်မြန်ငါတို့လက်ထဲရောက်လာတာလဲ"

ကားမောင်းနေတဲ့ရှောင်မင်ကအလိုမကျစွာသက်ပျင်းချလိုက်ပြီး
"အဲ့တာကတော့ သေချာပေါက် ဘယ်သူ့မှမကိုင်ရဲလို့ကျွန်တော်တို့လက်ထဲထိုးထည့်သွားပုံပဲ"

ရွှယ်ဟွားသည်နားမလည်စွာ
"ဘာလို့လဲ"

ရှောင်မင်သည်သူ့ခေါင်းဆောင်ကိုကြည့်လိုက်ကာ ပြောပြရင်လဲ ခေါင်းဆောင်ရဲ့မကျေနပ်တဲ့ဆဲရေးဆိုမူ့တွေကိုကြားရအုံးမယ် တကယ်လို့သူမပြောပြရင်လဲ ခေါင်းဆောင်က သူ့ကိုဒီနေကိုယ်လက်လေ့ကျင့်ခန်းအတွက် သဲအိပ်အစားသူ့ကိုထို့လိမ်မည် ရှောင်မင်သည် မသက်သာစွာသက်ပျင်းထပ်ချလိုက်ပြီး

"အခုဖြစ်တာ သွားရှုပ်လို့မရတဲ့သူရဲ့နယ်မြေထဲမှာဖြစ်နေတယ် ခေါင်းဆောင် အကြမ်းဖျင်းသိရသလောက်တော့သက်သေတယ်လို့ကောက်ချက်ချကြတယ် ကျွန်တော်တို့က ဘယ်လိုသေဆုံးတယ်ဆုတာအတည်ပြုပြီး ကျေငြာပေးရုံပဲ"

အရာအားလုံးစတင်ခဲ့သောကျွန်မ-S2Where stories live. Discover now