အချိန်က ည ၈နာရီလောက်ရှိပြီ။
ဂျီမင်း သူ့ရဲ့ တိုက်ခန်းအဝင်အဝမှာ အရိပ်တစ်ခုရှိနေတာကို ရှင်းရှင်းလင်းလင်းကြီး တွေ့လိုက်ရတယ်။ သေချာတာကတော့ အရပ်ခပ်မြင့်မြင့် ယောက်ျားတစ်ဦးပဲ။
အဲ့ဒီလူကြောင့် ဂျီမင်း ခြေလှမ်းတွေက တုံ့ခနဲရပ်တန့်သွားပြီး မျက်မှောင်တို့က ချက်ချင်း စုကြုတ်သွားရတယ်။
မည်သူမည်ဝါဆိုသည်ကို ရိပ်စားမိသွားသည့်အခိုက် ဂျီမင်းမှာ သူ့အခန်းရှေ့တောင် သူဆက်သွားဖို့ မဝံ့ရဲတော့..။
ဒါ့ကြောင့် ချက်ချင်း နောက်ပြန်ဆုတ်ပြီး ထွက်ပြေးဖို့ ပြင်လိုက်တယ်။
သူ့ခြေလှမ်းတွေ ပီပီပြင်ပြင် နောက်ပြန်မလှည့်ရသေးခင်အချိန်မှာတင် ကံကောင်းစွာပဲ တိုက်ခန်းရှေ့က အနက်ရောင်အရိပ်က သူ့ကိုမြင်သွားတော့တယ်။
"ဂျီမင်းရှိီ!!"
သူ့နာမည်ကို ပီပီသသ အော်ခေါ်လိုက်တဲ့ အသံတစ်ခု။ အနက်ရောင်အရိပ်ဆီက လာတာကတော့ သေချာပေါက်ပါပဲ။
ဒါပေမဲ့ အဲ့ဒီအသံကိုကြားကြားချင်းချင်း ဂျီမင်း ခေါင်းမွှေးတွေ ထောင်သွားပြီ သူ့ရဲ့ စိုးရိမ်ရေ မှတ်က စောစောကထက် ဆယ်ဆလောက် မြင့်တက်သွားတော့တယ်။
အခုအချိန်မှာ ဘယ်လောက်အတိုင်းအတာ အထိ သူ့ရဲ့ ဒူးတွေ တဆတ်ဆတ်တုန်နေလောက်မယ်ဆိုတာ ခင်ဗျားတို့ သိလိမ့်မယ်မထင်ဘူး။
ထိုအနက်ရောင်အရိပ်လေးက အမှောင်ထဲကနေ သူရှိရာကို တရွေ့ရွေ့ လျှောက်လာတယ်။
ဝါကျင့်ကျင့် ဖန်ချောင်းရဲ့ အလင်းအောက် အရောက်မှာ အနက်ရောင်ပုံရိပ်ပိုင်ရှင်ကို ဂျီမင်း ရင်းရင်းနှီးနှိီး မြင်လိုက်ရတယ်။
ဆံပင်ကောက်ကွေးလေးတွေက မတွေ့တာကြာတဲ့ အတောအတွင်း တော်တော်ရှည်နေပြီ။ သေချာပေါက် မျက်လုံးဝိုင်းဝိုင်းလေးတွေက ရွှန်းစိုတောက်လဲ့နေတုန်း။
အန္တရာယ်တွေ ... ၊ အန္တရာယ်တွေ !!
ဂျီမင်း စိတ်ထဲကနေတောင် ခပ်တိုးတိုး ရွတ်မိသွားတယ်။
"ကိုကို .. "
အနှီနာမ်စားဟာ မဆင်မချင် ပိုင်စိုးပိုင်နက်။
"အော် ဂျောင်ဂု ...
ညီလေးက ဒီအချိန်ကြီး ဒီမှာဘာလုပ်နေတာလဲ"
အဓိပ္ပာယ်မရှိတဲ့ ဒိုင်ယာလော့တစ်ခုမှာ သူ့အသံက နည်းနည်းတော့ ကွဲအက်အက်ဖြစ်နေတယ်။
သူ့အမေးရဲ့အဆုံး နှစ်စက္ကန့်အလွန်မှာတော့ အနှီကောင်လေးဆီက အဖြေတစ်ခုကို ရှင်းရှင်းလင်းလင်းကြီး ကြားလိုက်ရတော့တယ်။
"ကူးက ကို့ကို့နောက်ကို ခိုးရာလိုက်လာတာ"
"ဘာ!!!"
အနှီကလေးကတော့ ခပ်ပြုံးပြုံးနဲ့။
****
ဘာရယ်တော့ မဟုတ်ပါဘူး ဒီတိုင်း စာမရေးတာ ကြာလို့ပါ။ Updateကတော့ ကြာပါဦးမယ်
YOU ARE READING
SAHARA || Kookmin
Fanfictionဆာဟာရမှသည် သူတို့နှလုံးသားများဆီသို့ . Kookmin Myanmar Fanfic.
