Unicode
~~~~~~~အရာအားလုံးဟာ အဆင်ပြေသွားပြီထင်ထားခဲ့ပေမဲ့ နောက်ပိုင်း အိမ်မက်ဆိုးတွေက ပိုပိုပြီးထင်ရှားစွာ မြင်မက်လာခဲ့သည် ။ ဧကရာဇ်မောင်ဟာ မနက်အိပ်ယာမှနိုးထလာတိုင်း သူ့ရဲ့ဘေးနားမှာ ကုမုဒြာမရှိနေလျှင် အရင်ကလိုမပျော်ရွှင်နိုင်တော့ပဲ ဆိုးရိမ်စိတ်တွေသာ ပိုလာခဲ့သည် ။
အရင်က မျော့တစ်ကောင်လိုအမြဲကပ်သွယ်နေတတ်ပြီး ခွာချ၍ပင်မရတဲ့လူတစ်ယောက်က ခုတော့သူ့အား အချိန်ပြည့်ကြည့်မနေတော့ပဲ ရှောင်ဖယ်နေခြင်းဟာ ဟိုအရင်ကဧကရာဇ်မောင်အတွက် စိတ်ပျော်ရွှင်နေသင့်ပေမဲ့ ခုတော့တစ်စုံတစ်ရာကို ဆုံးရှုံးလိုက်ရမှာ ကြောက်ရွံ့သလို ခံစားလာရသည် ။
ကုမုဒြာက အရင်လို သူ့ရဲ့ဟော်မုန်းတွေကို တန်းတန်းတတ အရူးအမူးမတောင့်တတော့သလို တစ်ယောက်ထည်း နေတတ်လာသည် ။ မုဒြာက သူ့ကိုမမြင်ရရင် မနေတတ်တဲ့အကျင့်ကနေ ခုတော့ သူ့ကိုမမြင်အောင် ပုန်းရတာကို နှစ်သက်သွားပုံပင် ။ မုဒြာရဲ့မျက်နှာကို မြင်တွေ့ရဖို့ ဧကရာဇ်မောင်အတွက်အလွန်ခက်ခဲလာသည် ။
သူ့ကိုအတင်းချုပ်နှောင်ပြီး မရယူတော့ပဲ သူ့ဘက်ကစတင်လျှင်တောင် ရုန်းထွက်သွားတတ်သည် ။ ထိုအချိန်တွေဆို ဧကရာဇ်ကအဖိုးနဲ့အကြောင်းပြကာ မုဒြာသူ့အနားကပ်လာအောင် လုပ်ယူနေရသည် ။ ဒီလိုတွေဖြစ်လာတော့ နှလုံးသားထဲက ခံစားချက်တွေက အတော့်ကို ခံရခက်သည့် ဝေဒနာတစ်ခုအလားပင် စူးနင့်ကာနာကျင်နေသည် ။
ဧကရာဇ်မောင်ကတော့ အရင်ကနဲ့ဆန့်ကျင်စွာပင် သူအမြဲမုန်းတီနေခဲ့တဲ့ ထိုလူသားလေးရဲ့မျက်နှာက နေရာတိုင်မှာဆွဲထင်နေသည် ။ ကုမုဒြာရဲ့အနံ့အသက်တွေက သူ့အားလုံခြုံမှုအပြည့်ပေးနိုင်သလို နွေးထွေးသည်ဟုခံစားလာရသည် ။ မုဒြာရဲ့ဂရုစိုက်ပေးမှုတွေကိုလဲ ဟန်ဆောင်နေသည်ဟု မမြင်နိုင်တော့ပဲ အစစ်အမှန်ဆိုတာ ယုံကြည်သွားသည် ။
ဝေဝါးနေပေမဲ့ ကောင်းမွန်တဲ့အိမ်မက်တွေကို ပိုပြီးထင်ရှားစွာမြင်တွေ့ခွင့်ရချင်လာမိသည် ။ အိမ်မက်ထဲမှာ သူတို့ဟာ ပြုံးပျော်နေကြသည် ။ သူ့ကိုနာကျင်အောင်လုပ်တဲ့လူက ထိုလူသားမဟုတ်နေခဲ့ပေ ။ ဒါပေမဲ့ သူလုပ်ဆောင်ခဲ့သမျှ အတိတ်ကဖြစ်ရပ်တွေက အိမ်မက်ထဲမှာ သူ့ရဲ့နောက်ထပ်မကောင်းတဲ့မိစ္ဆာပုံစံကို မြင်လိုက်ရသလိုပင် ။ ထိုမိစ္ဆာကောင်က သူ့ရဲ့ခုပုံစံကိုကြည့်ပြီး လှောင်ရယ်နေသည် ။

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...