Penalice For . (Unicode)

Start from the beginning
                                    

သူ့အပိုင် omega အလှလေးကအရမ်းကိုမိုက်လွန်းနေတာမဟုတ်ဘူးလား ။
မိုက်လွန်းလှလွန်းလို့လည်း
ရင်ဘက်ထဲထည့်ထားချင်သည်အထိမြတ်နိုးလွန်းတာကို ၊
အဆိုးလေးကတော့
ငြိမ်ငြိမ်မနေဘဲအဆိုးအဆာလေးလုပ်နေတော့အခုလိုအပြစ်ပေးရတော့တာပေါ့..

flashback''

ဘားတစ်ခုအတွင်းဂျောင်ကုရောက်နေတာဖြစ်သည် ။
ငယ်သူငယ်ချင်းအီသန်ကသူ့မွေးနေ့မလို့ပါတီပွဲကိုဖိတ်ထားတာပင် ၊
ဂျောင်ကုရောက်ရောက်ချင်းအီသန့်ကိုမတွေ့

မြူးကြွနေသောသံစဥ်အချို့ကြောင့်ဂျောင်ကု၏ဆိုးညဥ်လေးမှာပေါ်လာရသည် ။
အရမ်းကြီးလည်းသူမကဲရဲ ၊
ကိုကိုမသိအောင်ထွက်လာရတာမို့....

omega ဖြစ်သောလည်းအခြား omega တွေနဲ့မတူသောဂျောင်ကုက
ဘားခုံတန်း၏အနောက်ဘက်တွင်သာ
ခန္တာကိုယ်ကိုလှုပ်ရမ်းလို့နေသည် ။

စစချင်းသီးချင်းသံကအေးအေးလေးသာမို့
ဂျောင်ကုအတွက်အဆင်ပြေလေသည် ။

'' ဟေ့ကောင် ရောက်နေတာကြာပြီလား ''

နောက်ကအီသန့်အသံကြောင့်ကိုင်ထားသောဝိုင်ခွက်အား
ဘားခုံပေါ်တင်လိုက်ကာ

'' ကြာပေါ့''

ပုခုံးတစ်ဖက်ကိုပင့်တင်ရင်းသူပြောတော့အီသန်ကခေါင်းငြိမ့်သည် ။

Alpha ဖြစ်တဲ့အီသန်ကသူ့ရည်းစား omega ကောင်လေးကို
ခါးမှပင့်တင်ကာချီထား၏
အီသန့်ပုခုံးပေါ်တွင်တော့ထိုကောင်လေးကရေချိန်ကိုက်နေပုံဖြင့်
မှီတွယ်ထားကာမှေးနေလေသည် ။

'' အီသန် မင်းမွေးနေ့လေ ပါတီပြီးတဲ့အထိမင်းနေသင့်တယ် ''

'' ဟဟ မရတော့ဘူးငါ့ကောင်ရေ သွားမှဖြစ်မယ်ကွ ''

'' မင်းကမွေးနေ့လေးတောင်မရှောင်ဘူးနော် ဟင်းးး ''

သူခနဲ့သလိုပြောတော့အီသန်ကမင်းရောဘာထူးလဲဆိုတဲ့အကြည့်ဖြင့်ကြည့်လာသည် ။

ဟုတ်ပါသည်
သူလည်းကိုကိုနဲ့ချစ်သူဖြစ်ထဲကတစ်ပတ်ကိုနှစ်ခါလောက်
sex လုပ်ဖြစ်သည်လေ....

အီသန်ကပုခုံးကိုရိုက်ကာ

'' သွားတော့မယ် ပါတီကတော့သူ့ဘာသူပြီးသွားလိမ့်မယ်
မင်းကတော့နေအုံးလေ မင်းလူကြီးမသိအောင်ခိုးထွက်လာရတာဆိုတော့ ''

That omega is MINE⛔   {jinkook}Where stories live. Discover now