ရှည်လျားနေသော ဆံနွယ်ကို အလယ်မှခွဲ၍ နှစ်ဖက်ကျစ်ထားသည့် ခြည် ရဲ့မျက်နှာဝင်းဝင်းလေးဟာ ထင်ပေါ်နေတော့သည် ။ သနပ်ခါးပါးပါးလေးဖြစ့် ဝမ်းစပ်ရင်ဖုံးကို ရိုးရှင်းစွာဝတ်ထားသော ခြည်က အသားရေတောက်တောက်လေးဖြစ့်နေကာ လှရက်လှ၏။
သင်ရိုးတန်းစာအုပ်တွေကို မကျန်ရစ်နေအောင် စစ်ဆေးနေပြီးမှ ခြည် လွယ်နေကြ နို့ခဲရောင်Shoulder အိတ်လေးကို ပုခုံးတဖက်ပေါ် ကောက်တင်လွယ်လိုက်ပြီး အိမ်ခန်းထဲမှ ထွက်ခဲ့တော့သည်။
ရိုးရှည်ကိုတိုအောင်လက်ဖြစ့်ဆိတ်ချိုးနေပြီး ရူပ်ပွေလီနေသောအရွက်များကို အကုန်မဖယ်ပဲ အမြင်ရှင်းအောင်သာ ထားပြီး ဘုရားပန်းလှဲ့လှည်နေသော အမေကို ခြည်မြင်လိုက်ရ၏။
"အမေ ခြည်သွားတော့မယ်နော် "
"လိုက်ပို့ရအုံးမလား "
"ရပါတယ်အမေရဲ့ခြည်သွားရဲပါတယ်နော် "
"ဒါဆို စိတ်ချမယ်နော် ခြည် "
"ဟုတ်ကဲ့အမေ ၊ အဖွားခြည်သွားပြီးနော် "
"အေး..အေးမြေး "
ပက်လက်ကုလားထိုင်ပေါ်အိပ်လျှက်ပုတီးဆိတ်နေသည့် အဖွားကို ခြည်နူတ်ဆက်စကားဆိုပြီးတာနဲ့ ဖိနပ်စီးကာ ခြည်ထွက်ခဲ့တော့သည် ။
မျှော်သူထွက်လာမယ့် လမ်းကလေးကို မျှော်ငေးကြည့်နေရတာလည်း ထိပ်ခေါင်လည်းပင်တောင်တောင့်ချည်းလာပါတော့တယ်...။ရူပ်ယှက်ခက်နေသော လူတွေကြားမှာ မျှော်နေသူကို ရှာရတာလည်း ထိပ်ခေါင်ရဲ့အလုပ်တစ်လုပ်ပေ.....။
ဣန္ဒြေရှင် မိန်းကလေးခြည်ဟူတင်စားရအောင်ထိ လျှောက်လှမ်းလာသော်ခြည်က သက်ရှိပန်းချီကားချပ်လိုပါပဲ..။ လေအဝှေ့မှာ တစတစချစင်ထားသည့် ဆံနွယ်လေးတွေက လွင့်ခနဲပင်ရှိ၏။
ထိပ်ခေါင်ကတဖက်လမ်းမှာထိုင်နေတာမို့ ခြည်နဲ့တော့အလှမ်းကွာနေသည် ။ ထိပ်ခေါင် ဆိုင်ကယ်ပေါ်ကခုန်ဆင်းလိုက်ပြီးမှ ခြည်ရှိရာ တဖက်လမ်းဆီသို့ ကူးသွားလိုက်တော့တယ်...။
လမ်းလျှောက်နေသောခြည်ကဘေးရှိလူတွေကို သတိထားမိပုံမရပါ ၊ ထိပ်ခေါင် အနားကပ်လျှောက်သွားပြီး ခြည်ရဲ့ဟစ်ဟာနေသော လက်တဖက်ကို ဖွဖွကလေးလှမ်းဆုပ်ကိုင်၍တားဟန်လိုက်တော့တယ်...။
part_6
Start from the beginning
