TWO

586 56 6
                                    


တဖြောက်ဖြောက်အသံနဲ့အတူ ပြတင်းပေါက်မှန်ကိုဖြတ်သန်းစီးဆင်းနေတဲ့မိုးရေစက်တွေကိုသူလိုက်ကြည့်နေခဲ့မိတာ ဘယ်အချိန်ထဲကများလဲ ။

သူသတိထားမိလိုက်တာကခြောက်နာရီဆိုတဲ့အခုအချိန်ထိသူမအိပ်စက်ရသေးဘူးဆိုတာ ။

တစ်ညလုံးမနားတမ်းရွာနေတဲ့မိုးသံတွေကိုနားစွင့်ရင်း သူလုပ်နေခဲ့တဲ့တစ်ခုတည်းသောအရာက မျက်စိရှေ့ကစာအုပ်ပေါ်မှာ ချရေးထားမိတဲ့ သံစဉ်တွေ ။

တစ်နည်းပြောရရင် ချွဲဆူဘင်းအတွက်သူ့ရဲ့လွမ်းဆွတ်မှုတွေ ။

ဟုတ်သည် ။ သူသိပ်ကိုလွမ်းနေသည် ။ ချွဲဆူဘင်းနှင့်မသက်ဆိုင်တော့သည့် ရက်ပေါင်း ၂၈ ရက် ။

ဒီရက်တွေထဲမှာသူဘယ်လိုပုံစံနဲ့နေထိုင်ခဲ့တယ်ဆိုတာသူ့ကိုယ်သူတောင်မသိတော့ပေ ။

တစ်လတောင်မရှိသေးဘူးဆိုတာကို သူသတိထားမိချိန်မှာ အရူးတစ်ယောက်လိုပဲ အကျယ်ကြီးအော်ရယ်ပစ်လိုက်မိသည် ။

ရူးတော့မလားတောင်မသိဘူး ။ "ဘာလို့များ ငါမင်းရဲ့လက်ကိုလွှတ်ချခဲ့မိရတာလဲ " လို့တစ်ယောက်တည်းရေရွတ်လိုက်မိတိုင်းမှာ ယူကြုံးမရခြင်းများစွာက အလုံးအရင်းပဲ ။

ကျောချင်းကပ်နေခဲ့ပေမယ့် ဆန့်ကျင်ဘက်ကိုဦးတည်နေခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့ကံကြမ္မာတွေက လွဲချော်နေခဲ့ကြတာများလား  ။

ပြင်ဆင်ခွင့်လေးတောင်မရှိတာလား ဒါမှမဟုတ် သူတို့နှစ်ယောက်လုံးပြင်ဆင်ဖို့မကြိုးစားခဲ့ကြတာများလား ။

အရာရာကနောက်ကျသွားခဲ့တဲ့အချိန်မှာပဲ သူသတိထားမိလိုက်တာက ချွဲဆူဘင်းမရှိဘဲသူမရှင်သန်နိုင်တော့ဘူးဆိုတာပင် ။

အချိန်တွေလွန်သွားခဲ့ပြီ ။ လှောင်အိမ်ထဲကပျံသန်းသွားချင်တဲ့ငှက်ငယ်ကိုသူလွတ်မြောက်ခွင့်ပေးလိုက်ခဲ့ပြီးပြီ ။

'မင်းကိုငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာကနေချစ်တယ် ' ဆိုတဲ့အကြောင်းတွေတောင်တစ်ခါလေးမှမပြောရသေးတာကို။

𝑂𝑝𝑒𝑛𝑖𝑛𝑔 𝑆𝑒𝑞𝑢𝑒𝑛𝑐𝑒 •YeonBin•Where stories live. Discover now