နွေးထွေးစွာအေးမြလေသော အကြင်နာ♥

Start from the beginning
                                    

"ဟုတ်ပါတယ်.... ဟုတ်ပါတယ်.... မောင်....ပိုက်ဆံရှာနိုင်ပေလို့ပဲ..... မဟုတ်ရင်....သားအဖတွေ.... အပြုံလိုက်.... ငတ်ကျရတော့မှာပါ.... ဒါတောင်...ငယ့် အလုပ်ကိုလဲ..... မောင်... ထွက်ခိုင်းလို့ထွက်ရတာ.... အခုတော့.... အလုပ်မရှိ.... အကိုင်မရှိကို.... ပြောဆိုပြီပေါ့.... ငွေစကားတွေ....''

ဘဂျမ်းဆိုလိုတာ တခြား.... သူကောက်တေးတာ တလွဲ။

"ငယ်ထွေးရယ်.... မောင့်ကိုများ.... ဘာတွေဆိုးချင်နေတာလဲလို့.... လာပါအုံး.... ဒီနားကို''

"မလာဘူး''

ဒေါက်တာလင်းသန့်​ကြည်သည် အသက်အားဖြင့်ဆိုရင် လေးဆယ်စွန်းပြီဖြစ်သည်။ သို့သော်.... မောင်နဲ့များအခြေအတင်ပြောရပြီလားဆိုရင် စတွေ့စဥ်ကအတိုင်း မပြောင်းလဲ..... ဆိုးဆိုးဆာဖြစ်ဆဲ။ ကလေးငယ်လိုချွဲတတ်ဆဲပါ။ သူ့ထက်အသက်ငယ်​သေးတဲ့ ခင်ပွန်းသည်ကတောင် ငယ်ထွေးလို့ ခေါ်မိတာပဲကြည့်လေ။

ဘီရိုကိုမှီကာရပ်နေရင်းက လာပါအုံးဆိုမှ ကုတင်ရှိရာကိုလျှောက်သွားပြီး ကုတင်စွန်းမှာထိုင်တယ်။
ငယ်ထွေးရှိရာကို ဘဂျမ်းကပဲ လိုက်သွားရတော့တာပေါ့။

"ရော့.... အရင်ဆုံး... မောင့်ကိုအင်္ကျီအရင်ဝတ်ပေး.... ချမ်းသလိုပဲ...ငယ်ရယ်''

မျက်လုံးဝိုင်းလေးတွေနဲ့ မော့်ကြည့်တယ်။ ဘဂျမ်းကမ်းပေးတဲ့အင်္ကျီကိုဆွဲယူပြီး ဘဂျမ်းလက်ကောက်ဝတ်ကို ဖမ်းကိုင်ကာ သွေးခုန်နှုန်း အရင်စမ်းတယ်။ ဘဂျမ်း လက်ဖဝါးပြင်ကို ဆွဲယူကာသူ့ပါးပြင်မှာ ကပ်ကြည့်တယ်။ ကြမ်းတမ်းတဲ့လက်ဖဝါးက နူးညံ့သောပါးပြင်ပေါ်မှာ နေရာတကျ။ မျက်လုံးလေးတွေက မောင့်ကိုစိုးရိမ်နေပြီ။

"ဖျားချင်နေပြီလား.... မောင်.... ရေချိုးတာကြာသွားတယ်''

"ငယ်ကြောင့်လေ.... ''

"အာ... မောင်ကလဲ.... ဘာမှန်းကိုမသိဘူး''

"ငယ့်ကိုလဲ.... မောင်မသိတော့ပါဘူးဗျာ.... ဘာလေးမှန်းကိုမသိဘူး.... မောင့်ကိုဆို.... ဆိုးဖို့ပဲလား''

"လာ.... လက်အရင်လျှို.... ''

ကုတင်ပေါ်မှာထိုင်နေရင်းက ထရပ်လာပြီး အင်္ကျီဝတ်ပေးတယ်။ ရင်ဘတ်ကြယ်သီးတွေအစေ့တပ်ပေးသွားတယ်။ ဘဂျမ်းကို ကုတင်ပေါ်တက်ပြီး ပက်လက်လှန်ဖို့ လက်ဟန်ခြေဟန်နဲ့ပြတယ်။
စကားမပြောဘဲ လက်ညှိုးက ကွေးချည်ဆန့်ချည်နဲ့.... ဘာလဲ.... ငယ်ထွေးက ဆရာကြီးလား။

🎉 You've finished reading မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ 🎉
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now