"နောက်မှ ခြံထဲပတ်ကြည့်ပေါ့ အခုတော့ အရင်နားလိုက်ပါဦး"

မင်းခစကားကို ခေါင်းတငြိမ့်ငြိမ်နှင့် နားထောင်ကာ မှိုင်း အိမ်ထဲသို့ဝင်လိုက်သောအခါ အိမ်ထဲ ဝင်ဝင်ခြင်းတွင် ဆိုဖာနဲ့ စားပွဲခုံများ နေရာတကျ ခင်းကျင်းထားသော ဧည့်ခန်းကျယ်ကြီးရှိပြီး ဧည့်ခန်းကိုဖြတ်၍ အထဲဝင်လိုက်မှ အပေါ်ထပ်တက်ရန် လှေကားကို တွေ့ရသည်။

မင်းခ မှိုင်းကို အပေါ်ထပ်ကို ခေါ်လာလိုက်ပြီး အပေါ်ထပ်တွင် ဘုရားခန်းတစ်ခန်း စာကြည့်ခန်း တစ်ခန်းနှင့် အိပ်ခန်းနှစ်ခန်းရှိပြီး မင်းခနှင့်မှိုင်း အခန်းမှာ ဘေးချင်းကပ်လျက် ဖြစ်၏။

"မှိုင်းအတွက်က ဒီဖက်အခန်းကို ပြင်ထားပေးတယ်။ခြံစောင့်လင်မယားက သန့်ရှင်းရေး လုပ်ပြီးတာနဲ့ ဘေးချင်းကပ်ခြံကို ပြန်တာဆိုတော့ မှိုင်းနဲ့ နောက်မှ မိတ်ဆက်ပေးမယ်။အခုတော့ အရင်နားလိုက်ဦး"

ခေါင်းတငြိမ့်ငြိမ့်ဖြင့် အခန်းထဲသို့ ဝင်သွားသော မှိုင်းကို ကြည့်ပြီး

*ဘယ်လို ကောင်လေးလည်းကွာ*

နှုတ်မှ ရွတ်ကာ မင်းခ ထပ်မံပြုံးမိသွားပြန်သည်။

မှိုင်း အခန်းထဲ စူးစမ်းကြည့်သောအခါ တစ်ယောက်အိပ် ကုတင်တစ်လုံး ဘီ‌ဒိုအကြီးတစ်လုံးနှင့် အခန်းဒေါင့်တွင် စာကြည့်စားပွဲတစ်လုံးရှိနေ၏။အခန်းနံရံများကို အဖြူရောင်ဆေး သုတ်ထားပြီး ခန်းစည်း ခေါင်းအုံး အခင်းများကို အနက်ရောင်သုံးထားကာ ကြမ်းခင်းပေါ်တွင် အမွှေးနုနု ကော်ဇော တစ်ချပ် ခင်းထားသည်။

အခန်းနံရံ အပြည့်နီးပါး နေရာယူထားသော နံရံကပ် ဘီဒိုကြီးကို မှိုင်း ဖွင့်ကြည့်လိုက်တော့ မှိုင်းကိုယ်တိုင်းဖြင့် အင်္ကျီမျိုးစုံ ဒီဇိုင်းမျိုးစုံမှာ နေရာအပြည့်ယူလျက်။

မှိုင်း သဘောတကျပြုံးရင်း ရေချိုးဖို့သာ ပြင်လိုက်တော့သည်။ရေချိုးခန်းထဲတွင် ဇိမ်ယူပြီး အီလေးဆွဲကာ ရေချိုးပြီးနောက်  Bathrobe တစ်ထည်ကို ဝတ်၍ ဘီဒိုထဲရှိ ခဲရောင် Pajamaဝတ်စုံကို ထုတ်ဝတ်ကာ အောက်ထပ်သို့ ခပ်သွက်သွက် ဆင်းဖို့ ပြင်လိုက်၏။

မှိုင်း(Complete)Where stories live. Discover now