"မထင်ပါဘူး Boss"
"နေပါဦး မင်းကရာရာစစ ငါ့အခန်းထဲဘယ်လိုရောက်"
ထို့နောက် နက်ရှိုင်းလက်ထဲမှ Master keyကိုတွေ့ခါ
"မိန်းမမင်းအနေအထိုင်ဆင်ခြင်နော် လူကို အရမ်းပိုင်စိုးပိုင်နင်းလုပ်တာပဲ"
"Boss !!"
"..........."
"Boss နိုးနေကြအချိန်ထပ် နောက်ကျနေတာမို့ ကျွန်တော်က ဟိုတစ်ခါလိုများ......နေပါဦး Bossss !! "
"ကြားတယ်လို့ နွားသားရဲ့ မင်းငါ့ကို ဘယ်နှစ်ခါတောင် အော်နေတာလဲ"
"တောင်းပန်ပါတယ် Boss ဟိုလေ Boss မျက်လုံးက....အိပ်မပျော်လို့လား Boss မျက်ကွင်းတွေ သိသိသာသာ ညိုနေလို့ပါ ကျွန်တော် Boss ရဲ့ personal doctor နား အိပ်ဆေးတောင်းလိုက်ရမလား"
သွေးတစ်ယောက်
မရတော့ဘူး ၊ မရတော့ဘူး ဒီနွားကိုတော်တော် အမြင်ကပ်နေပြီ။ ညက ဖွားဖက်တော်လေးကြောင့် တော်တော်နှင့်မအိပ်ရ။ ဒါကို အဲ့ကောင်က အိပ်မရလို့လားဆိုပြီး.....
"ကျစ် ငါ့ဟာငါ ဘာဖြစ်ဖြစ် ၊ ငါ့ရဲ့သာမာန်နိုးချိန်ထက်နောက်ကျတယ်ပြောရအောင်ကလည်း ငါနိုးနေကျကတာ၈နာရီ ခုက၈နာရီ၅မိနစ်နော်မင်း မိန်းမလို့ခေါ်တော့လဲမကြိုက်"
"Boss ဟို ဆရာဝန်နဲ့တွေ့ဖို့မလိုတာ သေချာရဲ့လား အကယ်၍ အဆင်မပြေရင် ကျွန်တော်ကြိုပြီး appointment...."
"တော်ပြီ နက်ရှိုင်း မင်းအားနေ အဲ့ကောင်နားပဲအရောက်ပို့နေတာပဲ သိတဲ့အတိုင်း ငါနဲ့အကြောကတည့်တာ မဟုတ်ဘူး မင်းသွားလိုက်တော့ ခနနေ ဆင်းလာခဲ့မယ်"
"ဟုတ် ဟုတ်ကဲ့ Boss"
သွေး သူ့ကို တစ်ချိန်လုံးစိတ်ရောဂါသည်လိုဆက်ဆံပြီး အားနေ ဆရာဝန်နားသွားခိုင်းနေသည့် နက်ရှိုင်းကိုတော်တော် ကြည့်မရတော့။
ဟိုဆရာဝန်ဆိုတဲ့ကာင်ကလဲ သွေးနှင့်ငယ်သူငယ်ချင်း နေရာတကာဆရာကြီး လုပ်လွန်းလို့ ကို တမင်ရှောင်နေတာ။
သူ့ကို ကိုယ့် personal doctorလုပ်ခိုင်းလိုက်မှ သွေးကိုရောဂါသည်လို ဆက်ဆံလာတာကြောင့် ပို၍ပင် အကြောမတည့်တော့။
YOU ARE READING
ᴛʜᴡᴀʏ
RomanceThis is a work of fiction. Any names, characters or events are fictional.
Part 5 ( Unicode )
Start from the beginning