တစ်ကယ် ဂျွန်ဂျောင်ကုက ချီးထုပ် ငယ်ကတည်းက ဘေးနားတစ်ကပ်ကပ်နဲ့ခုထိပဲ ။

"မင်းရေချိုးမှာမလား အရင်ချိုး"

"‌အေး မင်းပြီးမှ ချိုး"

ထယ်ယောင်းအဝတ်အစားတွေပါ တစ်ခါတည်း ရေချိုးခန်းထဲ ယူသွားလိုက်သည် ။ ‌‌၄၅မိနစ်လောက်ကြာမှ ‌အဝတ်လဲပြီး ပြန်ထွက်လာသည် ။

"မင်းကလည်း ကြာလိုက်တာ ငါက သေသွားပြီလားလို့"

"ငါက သူများတွေလို ပြီးစလွယ် မလုပ်ဘူး ငါ့အသားအရည်ကို သေချာ ထိန်းသိမ်းတယ် မင်းလိုကောင်တွေကတော့ ဘယ်သိမလဲ "

"ငါကရေချိုးပြီးညသေတဲ့မသာ ဖြစ်နေမှာဆိုးလို့ဟ "

''ကျစ်လေ‌ရှည်မနေနဲ့ ရေသွားချိုးတော့ "

ဂျောင်ကုလည်း ရေချိုးခန်းထဲဝင်သွားတယ် ။ ချိုးပြီး ပြန်ထွက်လာတော့ အောက်ပိုင်း တဘတ်တစ်ထည်ထဲ ပတ်ပြီး ထွက်လာတယ် ။ ပြည့်စုံလွန်းတဲ့ခန္ဓာကိုယ် ၊ ကျယ်မောက်တဲ့ ရင်အုံ ၊ အမြောင်းမြောင်းဖြစ်နေတဲ့ ‌ဗိုက်ကြွက်သားတွေနဲ့ ။
ထယ်ယောင်းက ရေချိုးခန်းထဲက ထွက်လာတဲ့ ဂျောင်ကုကို မြင်မြင်ခြင်း အခန်းပြင်ထွက်သွားသည်။

" ဟက် ရှက်တတ်လိုက်တာ"

ခနကြာတော့ ထယ်ယောင်းပြန်ဝင်လာခဲ့တယ် ။

"ဘေဘီရာ ရှက်တက်လိုက်တာ ကိုယ်က ဘာလုပ်မှာ မို့လို့လဲ "

"ငါ့ဘာသာငါ အပြင်ခနထွက်တာ မင်းကို ရှက်စရာ အကြောင်း မရှိဘူး "

"ထားပါ ဘေဘီလာအိပ်ကြရအောင် ကိုယ်မင်းကို ဘာမှ မလုပ်ဘူးနော် ကိုယ့်ကို ကြောက်‌မနေနဲ့ "

"မင်းကိုကြောက်စရာလား ဝေးသေး ! "

ထယ်ယောင်းလည်း ကုတင်ပေါ်တက်ပြီး တစ်ဖက်မှာ ဝင်အိပ်လိုက်သည်  ။ ဂျောင်ကုလည်း ထယ်ယောင်းတစ်ဖက်မှာ ဝ်အိပ်လိုက်သည် ။ အလယ်မှာလည်း ဖက်လူံးထားထားသေးတယ် ။

ညသန်းခေါင်အချိန် ထယ်ယောင်းရေဆာတာကြောင့် နိုးလာသည်။ ရေထသောက်ပြီး ပြန်အိပ်တော့ ခန္ဓာကိုယ်က ဂျောင်ကု ဖက်လှည့်နေတဲ့ အတွက် အိပ်ပျော်နေတဲ့ ဂျောင်ကု မျက်နှာကို သေချာ ကြည့်ရင်း

𝐖𝐡𝐲 ! 𝐈 𝐋𝐨𝐯𝐞 𝐇𝐢𝐦 ? // 𝐓𝐡𝐯𝐉𝐤Where stories live. Discover now