" မင်းလုပ်ရပ်တွေ လွန်နေပြီနော် ဧကရာဇ်မောင် "

ဧကရာဇ်မောင်က ဇွဲရဲ့ မုဒြာအပေါ်ကာကွယ်ပေးနေပုံကို နည်းနည်းလေးမှကြည့်မရပေ ။ မွေးဖွားလာကတည်းက အရာရာပြီးပြည့်စုံတဲ့လူတွေက အမြင်ကပ်ဖို့ကောင်းလွန်းသည် ။

" ငါကဘာကိစ္စလွန်ရမှာလဲ … ငါကသူ့ရဲ့ယောက်ျားဖြစ်ပြီး အခန်းထဲကိုငါ့ကိုကြဝင်ခွင့်မပြုပဲ သူစိမ်းယောက်ျားတစ်ယောက်ကိုကျဝင်ခွင့်ပေးတယ် … ငါ့မှာသူ့ကိုစစ်ဆေးပိုင်ခွင့်တောင်မရှိတော့ဘူးလား ဟမ် … မင်းတို့သာလိပ်ပြာလုံရင် ငါဘာပဲလုပ်လုပ်ငြင်းမှာမဟုတ်ဘူး … ခုသူက ငါထိကိုင်တာတောင်မကြိုက်တော့ဘူး မင်းကလဲကာကွယ်ပေးနေတာဆိုတော့ ငါအတွေးတွေကမှန်နေတာများလား  "

ဧကရာဇ်မောင်ရဲ့စကားတွေကလွန်လာ၍ ဇွဲက ဧကရာဇ်မောင်ပခုံးအား အားပါပါတွန်းလိုက်ပြီး …

" မုဒြာကမကြိုက်ဘူးပြောရင် မင်းသူ့ကိုထိစရာမလိုဘူး … မင်းဘာသာ သူ့ယောက်ျားပဲဖြစ်ဖြစ် ဘာဖြစ်နေနေ ခုမင်းလုပ်နေတာတွေက အကြမ်းဖက်မှုမြောက်တယ် … ပြီးတော့ ငါနဲ့မုဒြာကြားမှာ ဘာပတ်သပ်မှုမှမရှိဘူးဆိုတာ ဘုရားမှာကျိန်ဆိုရဲတယ် … လူတိုင်းကိုမင်းစိတ်နဲ့မနှိုင်းနဲ … သူ့လိုဖြူစင်တဲ့လူတစ်ယောက်ကို မင်းလျှာအရိုးမရှိတိုင်း စွတ်ဆွဲလို့မရဘူး "

ဇွဲကတော်ရုံသူများမိသားစုကြား ဝင်မပါတတ်ပေမဲ့ မုဒြာအပေါ် ဧကရာဇ်မောင်ဆက်ဆံပုံက သူထင်ထားတာနဲ့ဆန့်ကျင်ဘက်ဖြစ်နေ၍ သည်းမခံနိုင်ဖြစ်နေခြင်းပင် ။ သူတောင်မုဒြာဆုံးဖြတ်ချက်ကို တန်ဖိုးထားပြီး မုဒြာပျော်ရွှင်ဖို့နောက်ဆုတ်ပေးခဲ့ပေမဲ့ တစ်ဖက်ကတော့ မုဒြာအပေါ်တန်ဖိုးမဲ့စွာဆက်ဆံနေသည် ။ မုဒြာသာဆန္ဒရှိမည်ဆိုရင် ရှေ့ကနေရပ်တည်ပြီး  ဧကရာဇ်မောင်မုဒြာကို ထိခိုက်ခွင့်မပြုနိုင်အောင် ကာကွယ်ပေးမည်ပင် ။

ဧကရာဇ်မောင်က နကိုဒေါသဖြစ်နေရာကနေ ဇွဲကဝင်ပါလာတော့ သူ့ဒေါသတွေကို ဇွဲထံပုံချလိုက်တော့သည် ။

" မင်းကဘာကောင်မို့ သူ့ကိုကာပေးနေတာလဲ … မင်းတို့ဖြူစင်တယ်ဆိုတာ ဘယ်လိုသက်သေပြမှာလဲ … ငယ်ငယ်လေးကတည်းက မင်းတို့စေ့စပ်ထားတဲ့ကိစ္စလူတိုင်းသိတယ် … ခုလိုတစ်အိမ်ထဲမှာအတူနေတာက လူပြောစရာဖြစ်မနေဘူးလား … ပြီးတော့ငါတို့အိမ်ထောင်ရေးကိစ္စထဲ မင်းဝင်ပါစရာမလိုဘူး ဇွဲ … မင်းသာအရှက်ရှိရင် ဒီအိမ်မှာဆက်ပြီး မနေသင့်တော့ဘူး  "

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now