Chapter - 19 ( 🚨🔞🚨 )

9.4K 629 108
                                    

Unicode
~~~~~~~

ထိုညပြီးနောက် မုဒြာဟာ ဧကရာဇ်မောင်အား သိသိသာသာရှောင်ဖယ်နေခဲ့သည် ။ ဧကရာဇ်မောင်လဲ သူ့အမှားသူသိနေ၍ မုဒြာကိုအတင်းအကြပ်မလုပ်ဆောင်တော့ပေ ။ သို့ပေမဲ့ မုဒြာထုတ်လိုက်တဲ့စည်းကမ်းချက်ကြောင့် ဧကရာဇ်မောင် ဒေါသထွက်ရပြန်သည် ။

" မောင် မုဒြာအခန်းထဲကို မုဒြာခွင့်ပြုချက်မပါပဲ ဝင်လာခွင့်မရှိဘူး "

မုဒြာရဲ့အေးဆက်ဆက်အမိန့်က ဧကရာဇ်ရင်ကို နာကျင်သွားစေသည် ။ ထိုစကားကို ဧကရာဇ်မောင်လဲ မုဒြာကိုပြောဖူးခဲ့သည် ။ ဒါပေမဲ့အဖိုးရှိနေ၍ သူ့ရဲ့စကားကအရာမဝင်ခဲ့ပေ ။ ခုအဖိုးလဲမရှိသလို မုဒြာကိုယ်တိုင်က ထိုစကားကိုပြောလာခြင်းကြောင့် ဧကရာဇ်မောင် လွန်ဆန်၍မရဖြစ်နေသည် ။

ထိုညက မုဒြာလက်မခံချင်တာကို အတင်းအကြပ်ရယူဖို့ကြိုးစားမိလို့ သူလဲပဲခေါင်းထုခံခဲ့ရပြီးပြီ ။ ဒါကြောင့်ထိုကိစ္စကျေအေးသွားပြီထင်ထားပေမဲ့ မုဒြာကသူ့အခန်းထဲကို ခြေချခွင့်ပင်မပြုတော့ပေ ။ ဒါပေမဲ့ ဇွဲကိုတော့ ဝင်ခွင့်ပြုထားသည် ။

နေ့တစ်နေ့ရဲ့မနက်ခင်းမှာ မုဒြာနဲ့ဇွဲ အလုပ်သွားဖို့ မုဒြာအခန်းထဲကနေထွက်လာစဉ် အပြင်မှာရပ်စောင့်နေတဲ့ ဧကရာဇ်မောင်ကို တွေ့လိုက်ရသည် ။

" ဒီမှာ ဘာရပ်လုပ်နေတာလဲ … အလုပ်သွားဖို့မပြင်ဘူးလား "

မုဒြာက အေးဆက်ဆက်ဖြင့်သာ မေးလာတော့ ဧကရာဇ်မောင်က မုဒြာအနားတိုးကပ်လိုက်ပြီး မုဒြာအင်္ကျီတွေကိုလှန်ကာ ခန္ဓာကိုယ်ကို စစ်ဆေးတော့ ဗိုက်ကိုသတိထားမိသွားမှာဆိုး၍ မုဒြာ ဧကရာဇ်မောင်ကို တွန်းထုတ်လိုက်ပြီး …

" မင်းလုပ်ရပ်တွေ လွန်နေပြီနော် ဧကရာဇ်မောင် "

" ငါကဘာကိစ္စလွန်ရမှာလဲ … မင်းကငါ့ရဲ့မိတ်ဖက်ဖြစ်ပြီး အခန်းထဲကိုငါ့ကြဝင်ခွင့်မပြုပဲ သူစိမ်းအယ်ဖာကိုကျဝင်ခွင့်ပေးတယ် … ငါ့မှာမင်းကိုစစ်ဆေးပိုင်ခွင့်တောင်မရှိတော့ဘူးလား ဟမ် … မင်းသာလိပ်ပြာလုံရင် ငါဘာပဲလုပ်လုပ်ငြင်းမှာမဟုတ်ဘူး … ခုမင်းက ငါထိကိုင်တာတောင်မကြိုက်တော့တဲ့ထိ သူ့ကိုသာယာနေပြီလား  "

ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC ) Unde poveștirile trăiesc. Descoperă acum