အခန်း◀၂၀▶

Start from the beginning
                                    

ဘယ်သူက ဘာပြောပြော ပြုံးနေဖို့ ခေါင်းညိတ်လက်ခံဖို့သာသိပြီး... ဆန့်ကျင်ဘက်ပြုဖို့ကို စိတ်ကူးမရှိတတ်တဲ့သူမျိုး။ဒါကြောင့် ချမ်းက မေမေ့ကိုတော့ ငဲ့ညှာကြင်နာစွာချစ်ခင်သည်။ဘွားနဲ့ဖေဖေမသိအောင်ခိုးလုပ်ချင်လုပ်မည်။မေမေမသိအောင်တော့ မလုပ်ချင်။ရင်ခွင်ထဲ ခေါင်းတိုးကာ ချွဲနွဲ့လိုက်လျင် လိုက်လျောပေးမှာမှန်းသိနေတာမို့ ညာလည်းမညာချင်ပေ။

သုံးလေးရက်ကလွန်ရင်တော့ ဘွားသည်လည်း စိတ်အေးမေ့လျော့သွားသလို... ချမ်းကို သိပ်ဂရုမထားတော့။ဘွားရဲ့ အကြည့်စက်ကွင်းအောက်ကလွတ်မြောက်လာသည်ဟု ထင်ရလျင်ပဲ ချမ်းအနည်းငယ်အသက်ရှူချောင်လာရသည်။ဆက်လက်၍ပိပြားငြိမ်ဝပ်သယောင် လိမ္မာစွာနေပြနေရလေသည်။

တကယ်တော့ အရင်ကလိုသာဆို ဘွားဘယ်လိုဆူဆူ ဒါလောက်မှုမှာမဟုတ်ပါ။အခုတော့ ကိုယ့်မရိုးသားမှုနဲ့ကိုယ် ဖြစ်သင့်တာထက်ပိုသတိထားနေမိတာသာ။

မရိုးသားဘူးလား..... အင်း..... ဒီလိုပဲပြောရတော့မှာပဲ.....

မချစ်သေးပါဘူးနော်ဟု ကိုယ့်ကိုယ်ကိုယ် လှည့်စားဖို့ ငြင်းဆန်ဖို့ ကြိုးစားလျက်ကပင် ချမ်းသည် ကိုကို့ကို ရူးနင့်အောင်ချစ်မိနေခဲ့ပြီ။မတွေ့ရသော ရက်တွေမှာ ကိုကို့အကြောင်းတွေသာ ရင်ထဲအသိစိတ်ထဲအတွေးထဲမှာ အချိန်ပြည့်လွှမ်းမိုးနေလျက် အိပ်မက်မှာပင် ကိုကို့ကိုတမ်းတမြင်မက်နေတတ်ခဲ့ပြီတည်း။

ချမ်းအတွက်တော့ ဒါသည် ပထမဦးဆုံးအတွေ့အကြုံဖြစ်လျက် ကိုကိုသည်ချမ်းရဲ့အချစ်ဦးလည်းဖြစ်ပေသည်။အဦးအဖျားတို့ထုံးစံအတိုင်း အရူးအမူးချစ်မိရသလို ယစ်မူးရင်ခုန်ရသောခံစားချက်ကိုလည်း ချမ်းစွဲလမ်းတပ်မက်မိလှသည်။

ဘဝမှာ ပထမဦးဆုံးပိုင်ဆိုင်ရသည့်အချစ်သည် သူများလိုရိုးရှင်းသောအချစ်ဇာတ်လမ်းမျိုးမဖြစ်ပဲ... မတူခြားနားစွာ ယောကျာ်းလေးတစ်ယောက်ကိုမှ ချစ်မိသွားတာကတော့ ချမ်းရဲ့ ကုသိုလ်ကံပဲပေါ့လေ....

တကယ်တော့ ကိုကို့ကိုချစ်မိတာသည် မမှန်ဘူးပဲထားပါဦး.... ဘယ်သူတစ်ဦးတစ်ယောက်ကိုမှတော့ ထိခိုက်ပျက်စီးစေတာတဲ့ အပြစ်မျိုးကိုကျူးလွန်တာမှမဟုတ်တာ။

မနီးချင်...မဝေးချင်||completed||Where stories live. Discover now