အခန်း(၂)- ရှေ့ဆက်ရမယ့်လမ်းကို မသိနိုင်ဘူး။

169 9 0
                                    

အပိုင်း -၁

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း -၁

Qing Shui မြို့ဟာ ကြီးမားလှတာတော့မဟုတ်ပေမယ့် ကျယ်ပြောတဲ့သဲကန္တာရထဲမှ ထင်ရှားတဲ့နေရာဒေသတစ်ခုပဲဖြစ်ပါတယ်။
မြောက်ဘက်ကနေ တောင်ဘက်အထိ မြင့်မားသောတောင်တန်းများက ခိုင်မာမြဲမြံစွာ ပိတ်ဆီးထားကာ ထိုတောင်တန်းများက ဘုရင်မင်းမြတ်ကို သစ္စာမခံသူများ ၊ တစ်နည်း ပုန်ကန်သူများအဖို့ သဘာဝအကာအကွယ် ၊ အတားအဆီးသဖွယ် ဖြစ်တည်နေတယ်။
Sheng Nong တိုင်းပြည် ဖျက်ဆီးခံလိုက်ရချိန်မှာ Sheng Nong ပြည်ရဲ့ စစ်သူကြီး Gong Gong ဟာ လက်နက်ချပြီး သစ္စာခံဖို့ကို ငြင်းပယ်ခဲ့တယ်။
သူက စစ်သည်ရဲမက်ပေါင်း သိန်းပေါင်းများစွာကို ဦးစီးအုပ်ချုပ်ကာ Qing Shui မြို့ အရှေ့ဘက်မှာ စခန်းချထားပြီး ၎င်းနေရာကနေ Yellow Emperor ( အဝါရောင်ဧကရာဇ် ) ကို ဆက်လက်ပြီး တိုက်ခိုက်နေတယ်။

အရှေ့ဘက်မှာ Gong Gong ရဲ့ စစ်တပ်တည်ရှိတဲ့အပြင် Qing Shui မြို့ဟာ Xuan Yuan တိုင်းပြည်ရဲ့အနောက်ဘက်နဲ့ Gao Xing တိုင်းပြည်ရဲ့ မြောက်ဘက်မှာ တည်ရှိနေတယ်။
Qing Shui မြို့ဟာ Gao Xing တိုင်းပြည် Grand Emperor ( ကြီးကျယ်ခမ်းနားလှသော ဧကရာဇ် (သို့) မဟာမင်းကြီး ) ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိသလို Xuan Yuan တိုင်းပြည် Yellow Emperor ရဲ့ အာဏာစက် သက်ရောက်ခြင်းလည်း မရှိပါဘူး။
တဖြည်းဖြည်းနဲ့ Qing Shui မြို့ဟာ အာဏာစက်သုံးခု ရောယှက်နေတဲ့နေရာဖြစ်လာခဲ့ပြီး ဘယ်အာဏာကမှ ထိုမြို့ကို မထိန်းချုပ်နိုင်ပါဘူး။

Qing Shui မြို့တွင်းမှာ တော်ဝင်အာဏာဆိုတာမရှိသလို မျိုးရိုးမြင့်မိသားစုတွေဆိုတာလည်းမရှိဘူး။
လူချမ်းသာလည်းမရှိသလို သူဆင်းရဲလည်းမရှိဘူး။
ပြီးတော့ နတ်ဘုရားများ နဲ့ မိစ္ဆာတွေဆိုပြီး ခွဲခြားထားတာလည်းမရှိဘူး။

အဆုံးမဲ့သော တမ်းတခြင်း ( Lost You Forever - 长相思 မြန်မာဘာသာပြန် )Where stories live. Discover now