" ငါသမီးလေးဆီကို မကြာခင်လိုက်သွားရတော့မယ် … ဒါပေမဲ့ ငါမြေးလေးကို စိတ်မချနိုင်ဘူးဖြစ်နေတယ် … ငါသေသွားရင် မြေလေးကိုစောင့်ရှောက်ပေးမဲ့သူ တစ်ယောက်မှမရှိတော့မှာကြောက်တယ် "

" သခင်ကြီးရယ် … ကျန်းမာအောင်နေပြီး မုဒြာလေးကလေးရတဲ့ထိ အသက်ရှင်နေပေးပါ "

" ငါလဲဘယ်ထွက်သွားချင်ပါ့မလဲ … ဒါပေမဲ့ငါဆက်ပြီးထိန်းနိုင်မယ်မထင်ဘူး … ငါမြေးလေးနဲ့အတူအကြာကြီးနေချင်သေးတာပေါ့ "

" ကျွန်တော် မုဒြာကို သခင်ကြီးရဲ့အခြေအနေပြောပြလိုက်ရမလား "

" မပြောနဲ့  … သူငိုနေတာကိုငါမမြင်ရပ်ဘူး … ငါလဲဖျောင့်ဖျောင့်သွားနိုင်မှာမဟုတ်ဘူး … ဒါပေမဲ့ ငါလုပ်စရာကိစ္စလေးတွေရှိနေသေးတယ် … မင်းငါ့ကိုကူညီပေး "

" ပြောပါသခင်ကြီး … ကျွန်တော်အကုန်လုပ်ပေးပါ့မယ် "

သခင်ကြီးက သူသိမ်းစည်းထားသည့်ဖိုင်တစ်ချို့ကိုထုတ်ယူကာ ဦးမြတ်မောင်လက်ထဲ ပေးလိုက်သည် ။ အထဲမှာရှိတဲ့စာရွက်စာတမ်းတွေအားလုံးက စာချုပ်တစ်ချို့နဲ့ ဧကရာဇ်မောင်ရဲ့မိဘတွေဆီကနေသိမ်းယူထားသည့် ပိုင်ဆိုင်မှုတွေဖြစ်နေသည် ။

" ဒါတွေက ဧကရာဇ်ရဲ့ပိုင်ဆိုင်မှုတွေ … တစ်နေ့ငါထွက်သွားတဲ့အခါ အားလုံးကိုပြန်ပေးလိုက်ပါ … ငါသိမ်းပေးထားတယ်ဆိုတာက သူအရွယ်မရောက်ခင် သူ့မိဘတွေအလွဲသုံးစားမလုပ်နိုင်အောင် ထိန်းသိန်းပေးတဲ့သဘောပါပဲ "

ထိုအကြောင်းအရာအစအဆုံးကို ဦးလေးမြတ်ကသိနေ၍ သဘောပေါက်သွားလေသည် ။

" သခင်ကြီး … ဧကရာဇ်မောင်ရဲ့မိဘတွေက သူငယ်ငယ်ကတည်းက သခင်ကြီးဆီမှာရောင်းစားခဲ့တာကို ဘာလို့မပြောပြတာလဲ  "

" မလိုအပ်ဘူးထင်လို့ … မြေးလေးကလဲသူ့ကိုသဘောကျနေတော့  အရာရာအဆင်ပြေနေတာပဲ … ဒါတွေကိုပြောပြပြီး ဘာလို့စိတ်အနှောက်အယှက်ဖြစ်ခံနေဦးမှာလဲ "

ဒါပေမဲ့ ဧကရာဇ်မောင်က သူ့မိဘတွေကို သခင်လေးက အကြပ်ကိုင်ပြီး သူ့ကိုအရယူတယ်လို့ထင်နေတဲ့အကြောင်းကိုတော့ ဦးလေးမြတ် သခင်ကြီးကိုမပြောပြတော့ပေ ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now