သူတို့ရဲ့ ပထမဆုံးခြေလှမ်းအနေနဲ့ သားကောင်ဖြစ်မယ့် လူတစ်ယောက်ကိုဖမ်းရတယ်။ ပြီးတော့ အဲ့ဒီလူရဲ့ပါးစပ်ထဲကို အောက်လမ်းအတတ်တွေနဲ့ စီရင်ထားတဲ့ အရည်တစ်မျိုးရအောင်ထည့်ရတယ်။ အဲ့ကနေ တစ်ဆင့်သွေးထဲရောက်ပြီး ပျံ့နှံ့သွားရင် ထိန်းချုပ်လို့ရပြီဆိုတဲ့ မီယွန်းရဲ့စကားကို အတိအကျသေချာနားမလည်ပေမယ့် အဓိကရည်ရွယ်ချက်က လီဂျယ်နိုနဲ့ နာဂျယ်မင်းကို သေစေချင်တာပဲဖြစ်တာမို့လို့ ပြောသမျှအကုန်လိုက်လုပ်ပေးခဲ့သည်။

ထို့နောက် ဒဏ်ရာဒဏ်ချက်တွေနဲ့ သွေးထွက်အောင်လုပ်ပြီး ဂေါ့ဂျာဝယ်ရဲ့အစပ်နားမှာ သွားပစ်ခဲ့သည်။

နောက်တော့မှ မီယွန်းရဲ့ ရည်ရွယ်ချက်ကိုသိလာရသည်။

သွေးမသောက်ရတာကြာပြီဖြစ်တဲ့ဂျယ်နိုက သွေးအနံ့ရတဲ့ တောအစပ်နားကိုသာလာခဲ့ရင် ကြိမ်းသေပေါက် သူတို့ပစ်ထားခဲ့တဲ့လူရဲ့သွေးကိုသောက်မိမှာပဲ။ အဲ့တာဆိုရင် သူတို့ထိန်းချုပ်ထားတဲ့လူရဲ့သွေးက ဂျယ်နိုရဲ့ကိုယ်ထဲကိုရောက်ပြီး ပျံ့နှံ့သွားမယ်။

" ထင်တာမမှားဘူးဆိုရင် အခုအချိန်လောက်ဆို ဂျယ်မင်းရဲ့သွေးကလည်း ဂျယ်နိုရဲ့ကိုယ်ထဲကို ရောက်နှင့်နေလောက်ပြီ "

ထိုစကားကို မီယွန်းပြောတုန်းက သူနားမလည်ခဲ့။ နောက်မှ တဖြည်းဖြည်းသိလာခဲ့ရတာပေ။

အပေါ်က စကားကိုပြန်ဆက်ရမယ်ဆိုရင် သူတို့ထိန်းချုပ်ထားတဲ့လူရဲ့သွေးက ဂျယ်နိုရဲ့‌သွေးကြောတွေထဲကိုရောက်သွားပြီး သူ့ရဲ့ကိုယ်ထဲမှာ အရင်ရှိနှင့်ပြီးပြီဖြစ်တဲ့ ဂျယ်မင်းရဲ့သွေးနဲ့ သွားထိတွေ့ပြီးရောနှောသွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ရောနှောသွားပြီဖြစ်တဲ့ ဂျယ်မင်းရဲ့သွေးကိုပါ ထိန်းချုပ်နိုင်ပြီး ဂျယ်မင်းကိုပါ အားနည်းလာအောင် လုပ်ဆောင်နိုင်သည်။ အနည်းနဲ့အများတော့ ထိုထိန်းချုပ်မှုက ဂျယ်နိုကိုပါ သက်ရောက်နိုင်သည်။ သို့သော် ဂျယ်မင်းထက်‌တောင် ပိုပြီးအင်အားကြီးတဲ့ဂျယ်နိုကို ပြိုလဲသွားအောင်လုပ်နိုင်ဖို့ ခက်ခဲလွန်းလှသည်။

အဲ့တာကြောင့်လည်း ဂျယ်နိုကိုစည်းဝိုင်းအပြင်ဘက်ကိုရောက်အောင် မြှားခေါ်ဖို့လိုနေခဲ့တာ။ ဂျယ်နိုပြိုလဲမှုရဲ့ ပထမအဆင့်အနေနဲ့ပေါ့။

Untold FairytaleΌπου ζουν οι ιστορίες. Ανακάλυψε τώρα