ခဏကြာတော့ရေချိုးခန်းထဲမှာ စုန့်ဟွိုင်ရဲ့ရှိုက်သံလေးတစ်ချက်ထွက်လာပြီးနောက် သူ့ရဲ့အမြီးတွေကခြေထောက်အဖြစ်ပြန်ပြောင်းသွားသည်။
လုမျန်ကကောင်လေးရဲ့ခန္ဓာကိုယ်ကိုရေသေချာသုတ်ပေးပြီး ဆံပင်တွေကိုလည်းdryerနဲ့သေချာမှုတ်ပေးကာအိပ်ရာပေါ်သို့ချီလာသည်။
စုန့်ဟွိုင်ရဲ့မျက်နှာလေးကရဲနေကာ မျက်၀န်းနက်နက်လေးတွေက လုမျန်ကိုစိုက်ကြည့်နေသည်။
အိပ်ရာဘေးမှ နာရီအလန်းမ်သံမြည်လာလို့ကြည့်လိုက်တော့ မနက်၇နာရီထိုးနေပြီဖြစ်သည်။

ပုံမှန်နေ့တွေဆိုရင် ဒီအချိန်ကသူတို့၂ယောက်မနက်စာစားပြီး ကျောင်းသွားဖို့ပြင်နေတဲ့အချိန်ပင်။
လုမျန်ကအတွင်းရေးမှူးပို့လိုက်တဲ့စာကိုဖတ်ပြီးနောက် ကောင်လေးကိုပြန်ကြည့်လိုက်သည်။
ကောင်လေးကအိပ်ရာပေါ်မှာလဲပြီး သူ့ကိုဖြူစင်တဲ့အကြည့်လေးနဲ့ကြည့်နေတော့ လုမျန်က
"ကိုယ် မင်းအတွက်ကျောင်းမှာခွင့်တိုင်ပေးမယ်...ဒီနေ့အိမ်မှာပဲအနားယူနေနော်...ကိုယ်လည်းအိမ်စောစောပြန်ခဲ့မယ်...ဟုတ်ပြီလား"

heatကာလအတွင်းမှာ ခန္ဓာကိုယ်ကအတော်လေးအားနည်းနေသည်။
စုန့်ဟွိုင်ကလုမျန်ကို သူ့အနားမှာပဲနေစေချင်သော်လည်း သူကတစ်ပါးသူကိုအနှောင့်အယှက်ပေးရလောက်တဲ့အထိ မိုက်မဲသူမဟုတ်ပေ။
ထို့ကြောင့် သူနာခံစွာပဲခေါင်းငြိမ့်လိုက်သည်။
လုမျန်ကအခန်းထဲမှထွက်သွားဖို့ပြင်ပြီးမှ ရုတ်တရက်ရပ်လိုက်ကာ စုန့်ဟွိုင်ရှိရာဆီလှည့်ပြီးပြန်လျှောက်လာကာကိုယ်ကိုကိုင်းလိုက်ပြီး စုန့်ဟွိုင်ရဲ့နဖူးလေးကိုနမ်းလိုက်သည်။

သူ့ရဲ့အကြည့်တွေက တစ်စုံတစ်ခုကိုထိန်းချုပ်နေရသလိုဖြစ်နေပေမယ့် အလွန်ကြင်နာနူးညံ့တဲ့လေသံနဲ့
"ကိုယ် မကြာခင်ပြန်လာခဲ့မယ်နော်"
လုမျန်အခန်းထဲမှထွက်သွားတော့ စုန့်ဟွိုင်ရဲ့ချစ်ဖို့ကောင်းတဲ့မျက်နှာလေးက မကျေမနပ်ဖြစ်သွားကာနှုတ်ခမ်းလေးစူပြီး လိုင်းပေါ်တက်လိုက်သည်။

[အရေးပေါ်-ငါအ၀တ်တွေအားလုံးချွတ်ချထားပြီး တစ်ကိုယ်လုံးပြောင်သလင်းခါနေတာတောင်ငါ့ခင်ပွန်းလောင်းကငါနဲ့မအိပ်ဘူး...ဘယ်လိုလုပ်ရမလဲ]
 ·

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now