5. How long is forever? (end)

Start from the beginning
                                    

" အဲ့ဒါကြောင့်လေ.... ငါတို့ လမ်းခွဲကြအောင်လို့.... နော် ကိုး "

ကိုးက သူမခေါင်းကို လက်သီးနဲ့မနာအောင် ထိုးသည်။

" ဘာအရူးထပြန်တာလဲ... နွေးနွေး "

" ငါအတည်ပြောနေတာနော် ကိုး "

လမ်းခွဲစကားကို နွေးက ပြောပြီး မျက်ရည်ကျတော့လည်း နွေးကိုယ်တိုင်ပဲ ဖြစ်နေသည်။

" နင်နဲ့ငါနဲ့ ပြတ်မယ်လို့.... ပြတ်မယ်လို့ ပြောနေတာ "

သူ့မှာ ဘာအပြစ်မှ မရှိပါပဲ ကိုးရင်ဘက်ကို ထုရိုက်ပစ်ခဲ့သည်။

" လူတွေပြောကြတဲ့ ထာဝရဆိုတာက ခဏလေးဟ.... တစ်ဘဝစာ ချစ်ကြမယ် ပြောပြီး နောက်ပြီးကျတော့ လမ်းခွဲသွားကြတာ "

" နွေးနွေး.... အဲ့ဒါ သူတို့လေ။ ငါတို့မှ မဟုတ်တာ "

" မသိဘူး။ တစ်နေ့ကျရင် တစ်ယောက်နဲ့တစ်ယောက်မုန်းပြီး လမ်းခွဲကြမှာမျိုး ငါမဖြစ်ချင်ဘူး... "

" အဲ့ဒါဆိုလည်း မဖြစ်နဲ့လေ... "

ကိုးက သူမကို အော်သည်။ တိတ်တဆိတ်လမ်းကလေးထဲ သူမတို့ ၂ယောက်သာလျင် ရှိသည်။

" နွေးနွေးက လူကို အမြဲတမ်း ရင်ဘက်ဆောင့်ကန်တတ်တယ်။ လူတွေက နင့်ကိုထားသွားမှာကျ ကြောက်တယ်။ ဒါပေမယ့် လက်တွေကို ဆွဲထားရမှာကျ မေ့နေတာမလား။ နောက်ပြီး နင့်ကိုဆွဲထားတဲ့ လက်တွေကိုပါ ဆွဲဖြုတ်ပစ်တတ်တယ်။ အဲ့ဒီလိုလုပ်နေရင် နင့်ဘေးမှာ ဘယ်သူမှ ရှိမှာ မဟုတ်တော့ဘူး သိလား နွေး "

နွေး သိတာပေါ့။ နွေးက ချစ်ခြင်းအားဖြင့် အနားရောက်လာတဲ့လူတွေကိုတောင် သူ့အလိုလို ထွက်သွားအောင်ကို စိတ်ပျက်စရာ ကောင်းတဲ့သူလေ...

" ငါဒီနေ့ ပြောစရာရှိတယ်ဆိုတာကိုတော့ နားထောင်သွားဦး။ ဒီတန်ခူးမှာ မေမေတို့ကိုပြောပြီး နင်နဲ့လက်ထပ်ချင်တယ်လို့ ပြောမလို့.... ငါသိတယ်။ ငါလောတယ်.... လောတယ်ဆိုတာကလည်း နင့်ကြောင့်ပဲ။ နင်အခုလို အူကြောင်ကြောင်တွေ ထထလုပ်တာမို့... မြန်မြန်လက်ထပ်ချင်တာ။ ဒါပေမယ့် နင်ကတော့ မျှော်လင့်ချက်မဲ့နေပြီ နွေး.... "

နွေးမြရင်ခွင်- Love Like Mint CandyWhere stories live. Discover now