1. Best friend but just friend.

1.7K 53 1
                                    

November ရဲ့ဒီရာသီဥတုအခြေနေလေးကိုပဲ အမြဲ သိမ်းဆည်းထားချင်သည်။ လေထုက အေးမြနေပေမယ့် နေရောင်ခြည်ကြောင့် နွေးထွေးနေတဲ့ ဒီအချိန်အပိုင်းအခြားလေးပေါ့...

ဒီမှာလေ.... ဆောင်းဟာပီပီသသမအေးမြသေးဘူး။

" အား....... "

ဒုက္ခပါပဲ။ ဆံပင်က အဲ့ဒီလောက် တိုသွားမယ် မထင်ခဲ့ဘူး။ သေသေချာချာ သတိထား တိနေတာကိုပဲ ရှေ့ဆံရစ်က အခုတော့ နဖူးအလည်ထိ တိုသွားသည်။

" မနက်ဖြန် အလုပ်သွားလျောက်မလို့ပါဆို..... "

တိုးတိုး ရွေတ်မိရင်းက ပါးစပ်ကို ပြန်စေ့ပိတ်လိုက်ရသည်။ အလုပ်လျောက်မယ့်အကြောင်း မာတာမိခင် သိလို့ မဖြစ်သေးပါ။

မှန်ထဲက ဆံရစ်တိုတိုနှင့် ကိုယ့်မျက်နှာကိုယ်ပြန်ကြည့်ရင်း သက်ပြင်းကြီးပဲ ချနေမိတော့သည်။ မျက်ခုံးမွှေးပါးပါးနှင့် မျက်လုံးအိမ်ကြီးတဲ့ နွေးက ဒီဆံပင် ဆံရစ်အတိုနှင့် ဇီးကွက်တစ်ကောင်နှင့် တူနေတော့သည်။ ညစဉ် Anime တွေ K drama တွေနဲ့ ညဉ့်နက်မှချည်း အိပ်တတ်သော သူမမျက်တွင်းတွေကလည်း ပန်ဒါတစ်ကောင်ကို ညိုမည်းလို့ နေသေးသည်။

" ကိစ္စမရှိပါဘူး။ ငါက ချောပြီးသားပဲ.... "

ကိုယ့်ဘာသာ motivation ထိုင်ပေးပြီး မှန်ရှေ့က ထရပ်လိုက်သည်။ အရပ်ပုလည်း ဒေါက်ဖိနပ် စီးလိုက်ရင် ရှည်သွားမှာပါလို့ နောက်တစ်ကြိမ် အားတင်းလိုက်ရပြန်သည်။

" နောက်ပြီး.... ရုပ်ရည်က အဓိကမှ မဟုတ်တာ။ အရည်ချင်းရှိဖို့က အဓိကပဲလေ.... နော.... နော... "

အိမ်မှာတော့ နွေးက ထိုကဲ့သို့ ရူးကြောင်ကြောင် ဂေါက်တောက်တောက်နဲ့ မှန်ကြည့်ပြီးသာ စကားပြောရပါသည်။ တစ်ခြား နားထောင်ပေးမယ့် သူရယ်လို့မှ မရှိပဲလေ။

အထီးကျန်နေတယ်ဆိုတာတောင် မေ့လျော့နေလောက်အောင်ကို တစ်ယောက်ထဲနေရတာကို အသားကျနေပြီဆိုတာမျိုးပေါ့...

" ဒီမှာ.... ဒီမှာ.... "

ဆိုင်ထဲမှာ ကိုးက ရောက်နေနှင့်နေပြီး နွေးကို လက်လှမ်းပြသည်။ သူမက ​ဒီလို လူရှုပ်ရှုပ်ဆိုင်ထဲမှာ အားလုံးဝိုင်းကြည့်ခံနေရတယ်လို့ခံစားမိပြီး လက်ဖျားများအေးကာ ကြောက်နေမိရာက ကိုးကို တွေ့လိုက်ရတော့ အားရှိသွားသည်။ မရဲတရဲ ဆိုင်ထဲဝင်လာခဲ့သော ခြေလှမ်းများကပင် ပြန်ရဲတင်းလာခဲ့သည်။

နွေးမြရင်ခွင်- Love Like Mint CandyWhere stories live. Discover now