Introduction

3.3K 78 4
                                    

" အဲ့ဒါဆိုလည်း တစ်ချိန်ထဲမှာ နွေးထွေးပြီး အေးမြတဲ့ ချစ်ခြင်းမေတ္တာမျိုး ငါ ရှာတွေ့မှ ရည်းစားထားမယ်ဟာ "
_နွေးထွေးမွန်

" မနေချင်တော့ဘူးဆိုတဲ့လူကို ဆွဲမထားချင်ဘူးလေ။ လူတစ်ယောက် ကိုယ့်အနားမှာ မြဲနေဖို့က တော်ကီနဲ့ချုပ်ရမှာမှ မဟုတ်တာ.... ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်လေ။ ထွက်သွားချင်တယ်ဆိုမှတော့... အဲ့ဒါတွေတစ်ခုမှ မရှိတော့လို့ပေါ့... သွားပါစေ "
_အေးချမ်းအောင် (ကိုး)

" အမက ကိုးလေးကို အရမ်းသဘောကျတာ။ အဲ့ဒါကြောင့် အမအပိုင်ဖြစ်အောင် အရမ်းကြီး ကြိုးစားခဲ့ရတာ။ အဲ့ဒါကို နွေးနွေး ဖျက်ဆီးချင်မှာ မဟုတ်လောက်ဘူးလို့ အမထင်တယ်။ ကိုးလေးက အမြဲပြောတာ.... နွေးနွေးက တကယ်ကောင်းတဲ့ ကလေးမလေးတဲ့ "
_မြူနှင်းလွင်

"မကေက... နွေးနွေးကို အလုပ်လာလျောက်တဲ့နေ့ကတည်းက သဘောကျနေခဲ့တာ။ မျက်လုံးဝိုင်းဝိုင်း... ဆံရစ်တိုတိုနဲ့ ပုတက်တက်ကလေးမလေးကို မကေ တကယ် စိတ်ဝင်စားနေခဲ့တာ။ အဲ့ဒါကြောင့် ချဉ်းကပ်ခဲ့တာဆိုရင်ရော... နွေးနွေးက မကေနဲ့ အတူဆက်ရှိနေဦးမှာလား... "
_ကေသွယ်ထွန်း

" ကိုး.... ငါ Gay သွားပြီထင်တယ် "

" ကျေးဇူးပဲနော်.... မကေ။ နွေးနွေးလေ... အမကို တကယ်ချစ်တာ "

" ငါ နင့်အတွက် ပူရှိန်ချိုချဉ်လို လူ ဖြစ်ပေးမယ် နွေး.... "

" အခုနေ လမ်းခွဲရင်လေ.... ငါတို့ နောက်မကျသေးဘူးဟ။ သူငယ်ချင်းတွေ ဆက်လုပ်လို့ရဦးမှာ... တစ်ယောက်ကို တစ်ယောက်မနာကျင်ခင်မှာ လမ်းခွဲလိုက်တာက အကောင်းဆုံးလို့ ပြောကြတယ် "

" နွေးနွေးက လူကို အမြဲတမ်း ရင်ဘက်ဆောင့်ကန်တတ်တယ်။ လူတွေက နင့်ကိုထားသွားမှာကျ ကြောက်တယ်။ ဒါပေမယ့် လက်တွေကို ဆွဲထားရမှာကျ မေ့နေတာမလား။ နောက်ပြီး နင့်ကိုဆွဲထားတဲ့ လက်တွေကိုပါ ဆွဲဖြုတ်ပစ်တတ်တယ်။ အဲ့ဒီလိုလုပ်နေရင် နင့်ဘေးမှာ ဘယ်သူမှ ရှိမှာ မဟုတ်တော့ဘူး သိလား နွေး "

နွေးက ဖမ်းရခက်တဲ့ လိပ်ပြာကလေးနဲ့တူတယ်လို့ သူပြောသည်။ လက်ခုပ်ထဲထည့်ထားရင်တောင် အတောင်ပံတွေထိခိုက်မှာကြောက်လို့ ခပ်ဖွဖွ သိုဝှက်ထားရတယ်တဲ့။

----------------------နွေးမြရင်ခွင်------------------------

Fundraising အတွက် ပိုမိုနောက်ထပ်ရေးဖြစ်ခဲ့တဲ့ စာပါရှင်။ အများကြီးတော့ ပြောမပြတတ်ပါဘူး။ အရင်တုန်းက ရေးနေကြတွေလိုပါပဲ ထူးဆန်းတဲ့ဇာတ်အိမ်မဟုတ်ဘူးဆိုပေမယ့် ပျင်းစရာမကောင်းလောက်ဘူးလို့တော့ထင်ပါတယ်။ ဝတ္ထုတိုပေမယ့် ဝတ္ထုလတ်နီးပါးလောက် လျှာရှည်ထားပါတယ်။ ဒီတစ်ခေါက်လည်း လှူပေးကြလိမ့်မယ် မျှော်လင့်ပါတယ်ရှင့်။

#PoMoNyeinAye

နွေးမြရင်ခွင်- Love Like Mint CandyHikayelerin yaşadığı yer. Şimdi keşfedin