"ဟုတ်ကဲ့ပါခင်ဗျာ့" ဟု တို့ဖူးတုံးလေးမှဆိုရင်း တို့ဖူးသားအဖ ဟင်းတွေ ၊ ထမင်းတွေချလာလေသည် ။

"ဝါးးး ဟင်းတွေကအရမ်းမွှေးတာပဲ " တို့ဖူးတုံးဆိုလေသည် ။

ဈာန်ရတု တစ်ယောက် တို့ဖူးသားအဖကို ထမင်းထည့်ပေးပြီးသည်နှင့်

"ရော့ ငါးချိုချဉ်လေး မြည်းကြည့်ကြ " ဆိုပြီး တို့ဖူးသားအဖကိုထည့်ပေးလိုက်သည် ။

တို့ဖူးလေးမှာ ‌ဈာန်ရတုထည့်ပေးသည်နှင့် ချက်ချင်းကို မြည်းလေတော့သည် ။ အဲလက်စ်လဲထိုနည်းတူပင် ။

"ဝိုးးးး အရမ်းကောင်းတာပဲ ဖေဖေ ငါးလေးကလေ ကြွပ်နေတာပဲ ၊ ချိုချိုချဉ်ချဉ်လေး သိပ်ကောင်းတာပဲ ဖေဖေရယ် ၊ နောက်လဲချက်ပေးနော် ဖေဖေ "
တို့ဖူးတုံးပြောလေသည် ။

"ဒါပေါ့ ချက်ပေးရမှာပေါ့ ကြိုက်ရင်များများစား တို့ဖူးလေး "

တို့ဖူးလေး စကားကိုကြားတော့ အရင်ကိုယ်ကို နည်းနည်းတော့စိတ်တိုမိလေသည် ။ ဒါပေမဲ့အခုလူသည် သူဖြစ်နေပြီမို့ ကလေးကို သေချာပေါက်ဂရုစိုက်မည် ။

အဲလက်စ်ကလဲ

"အွန်း မင်းလက်ရာကောင်းသားပဲ ၊ ငါးကြော်‌အခြေအနေလဲကောင်းတယ် ၊ ထည့်ထားတဲ့ အသီးအရွက်တွေလဲ အတဆင်ပြေတယ် ၊ ကြက်သောက်ဆမ်းလဲ အဆင်ပြေတယ် ၊ အရမ်းစားလို့ကောင်းတယ် " ဟုချီးကျူးလေသည် ။

အဲလက်စ်သည် အစားချေးများသူဖြစ်လေသည် ။

"ဟုတ်ပါပြီ ကယ်ကယ် စားကြ များများစားကြနော် " ဈာန်ရတုပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဖေဖေ"

"ဟုတ်ကဲ့ပါဗျာ့ "

ထိုဟင်းပွဲများကို အဆုံးသတ်ရန် ထိုသုံးယောက် အချိန်သိပ်မယူလိုက်ရပါ ။

"ကယ် စားကောင်းကြလား" ဈာန်ရတုမေးလိုက်သည် ။

"အွန်းကောင်းတယ် ဖေဖေ အရမ်းကောင်းတယ် သားဗိုက်ကလေးက ပူဖောင်းလေးလိုဖြစ်နေပြီ "

"အွန် တို့ဖူးလေးဗိုက်က ပူဖောင်းဖြစ်နေပြီတိုတော့ အသီးသုပ်မစားနိုင်တော့ဘူးထင်တယ်နော် ကြည့်ရတာ ဖေဖေနဲ့ ဒယ်ဒီပဲစားရတော့မယ်ထင်တယ်နော် ဟုတ်တယ်မလား ယောက်ျား " ရတုပြောလိုက်သည် ။

ငါစာအုပ်ထဲရောက်သွားပြီး ယောက်ျားနဲ့ ကလေးရသွားခဲ့တယ် [ Unicode +Zawgyi ]Where stories live. Discover now