Chapter - 11

4.9K 469 142
                                    

Unicode
~~~~~~~~

ဧကရာဇ်မောင်အတွက် ကုမုဒြာမရှိတဲ့ပထမဆုံးရုံးတက်ရက်က အတော့ကိုအခက်အခဲဖြစ်စေခဲ့သည် ။ ဧကရာဇ်မောင်က လူတွေကိုသာ အလိုက်သင့်အောင်ပြောဆိုဆက်ဆံတတ်ပေမဲ့ အဝတ်အစားကိုလိုက်ဖက်ညီအောင်ရွေးချယ်ဖို့သူ့အတွက်ခက်ခဲနေသည် ။

ကုမုဒြာနဲ့လက်ထက်ပြီးကတည်းက မုဒြာကအမြဲဧကရာဇ်မောင်အတွက် အစစအရာရာပြင်ပေးခဲ့၍ မုဒြာမရှိတဲ့အချိန်မှာ ဧကရာဇ်မောင် နတ်ကတိုင်ကိုပင် သပ်ရပ်အောင်မစည်းနိုင်ပေ ။ အဝတ်အစားဘီဒိုနဲ့ဖိနပ်စင်ပေါ်မှာ ပြီးပြည့်စုံစွာ ရောင်စုံထားရှိပေးထားပေမဲ့ ဘယ်လိုတွဲဝတ်ရမည်မှန်းမသိပေ ။

မနက်စာကိုဖြစ်သလိုစားလိုက်ရပြီး နေ့လည်စာအတွက်ပါဘာမှမပြင်နိုင်သည့်အပြင် ရှုတ်ပွနေသည့်အိမ်ကိုပင် သန့်ရှင်းရေးမလုပ်နိုင်ပဲ တကယ်ကိုဖြစ်ကလဲ့စမ်းနေနေရသည် ။ ဒါကကုမုဒြာသူ့ကိုအကျင့်တွေပျက်အောင် လိုလေသေးမရှိဂရုစိုက်ပေးနေခဲ့ခြင်းကြောင့်ပင် ။

" ကုမုဒြာ … မင်းကတော့အနားမှာမရှိတာတောင် စိတ်ဒုက္ခပေးနေတုန်းပဲ "

ဧကရာဇ်မောင် အလုပ်သွားဖို့အတွက် ဝတ်တွေရွေးနေရင်း ခေါင်းရှုတ်လာ၍ မုဒြာကိုကျိန်ဆဲလိုက်သေးသည် ။  အိမ်တော်ကိုတော့ပြန်ဖို့စိတ်ကူးမရှိပေ ။ ဒီအထိတောင်ရုန်ထွက်နိုင်ရင် နောက်ပြန်လှည့်ပြီး လှောင်အိမ်နဲ့တူတဲ့နေရာမှာနေနေမဲ့အစား ညစ်ပတ်ပေမဲ့လွတ်လပ်မှုရှိတဲ့အခန်းမှာသာ နေဖို့ဆုံးဖြတ်လိုက်သည် ။

ဧကရာဇ်မောင်အလုပ်ကို စရောက်ကတည်းက ဝန်ထမ်းတွေကထူးထူးခြားခြားကြည့်နေသည် ။ သူ့ကိုယ်သူပြန်ကြည့်လိုက်တော့မှ ဝတ်ထားတဲ့အဝတ်အစား ဖိနတ်နဲ့ နက်တိုင်တွေက အရောင်တစ်မျိုးစီတွေဖြစ်နေကာ မလိုက်မဖက်ဖြစ်နေမှန်းသိလိုက်ရသည် ။ ကံကောင်း၍ ဒီနေ့ဘာအစည်းအဝေးပွဲမှရှိမနေပေ ။ ဧကရာဇ်မောင် ရုံးခန်းထဲကနေပင် အပြင်မထွက်ရဲတော့ပဲ တစ်ယောက်ထည်းနေနေခဲ့သည် ။

ကသစ်ပန်းကတော့ ထုံးဆန်အတိုင်း ဧကရာဇ်အတွက်ထမင်းဘူးယူလာခဲ့ပေမဲ့ ကုမုဒြာရဲ့လက်ယာမဟုတ်ပဲ ဆိုင်ကမှာထားတာကြောင့် ဧကရာဇ်မောင်အများကြီးစားမဝင်ပေ ။ ဒီတစ်ခါလဲ သူမကလက်ယာပြောင်နေတဲ့အတွက် ဆင်ခြေထပ်ပေးနေရသည် ။

ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC ) Unde poveștirile trăiesc. Descoperă acum