" သူဌေးကြည့်ရတာအဆင်မပြေသလိုပဲ … သခင်လေးကုမုဒြာက ခုထိပြန်မလာသေးဘူးလား "

" အင်း "

" ဒါဆို ကသစ်သူဌေးရဲ့အခန်းဆီလာပြီး သန့်ရှင်ပေးရမလား "

သူမက ဧကရာဇ်ရဲ့အဝတ်အစားတွေကိုသေချာကြည့်လိုက်ပြီး ထိုင်နေရာကနေထလာကာ ဧကရာဇ်ရဲ့ဘေးနားရပ်၍ ကိုယ်ကိုကိုင်းညွှန့်လျှက် ချွဲနွဲ့တဲ့အသံဖြင့် ဆိုလိုက်သည် ။

" သူဌေးက ထိန်းသိန်းပေးမဲ့သူ အနားမှာမရှိတော့ အဝတ်အစားတွေတောင်မဆင်တတ်တော့ဘူးပဲ … ဘာမှမလုပ်တတ်တဲ့ကလေးတစ်ယောက်နဲ့တူနေပြီး … ခုသူဌေးရဲ့ နက်ကတိုင်ကလဲလျော့နေတယ် … ကသစ်ပြင်ပေးမယ် "

ကသစ်ပန်းရဲ့လက်က လည်ပင်းထံရောက်လာတော့ ဧကရာဇ်ခံစားချက်တွေကထူးဆန်းလာပြီး သူမလက်ကိုတွန်းဖယ်ကာ သူ့ဘာသာ နတ်ကတိုင်ကိုပြင်လိုက်သည် ။ သူကဒီလိုသေးသေးမွှားမွှားအရာတွေကို မပြုလုပ်တတ်တာထက် ဂရုမစိုက်တာဆိုပိုမှန်မည် ။ ဘာကြောင့်ဆို အမြဲဂရုစိုက်ပေးနေတဲ့ ကုမုဒြာကအမြဲအနားမှာရှိနေခြင်းကြောင့်ဖြစ်သည် ။ ကုမုဒြာနေရာကို တစ်ခြားလူအစားထိုးလာမှာကို ဧကရာဇ်မောင်မလိုလားပေ ။ သူလိုချင်တာက ကုမုဒြာအနားကထွက်သွားဖို့လား ကုမုဒြာနဲ့အတူရှိချင်တာလားဆိုတာပင် ဝေခွဲမရဖြစ်လာသည် ။

ဧကရာဇ်ရဲ့မျက်နှာက တည်ငြိမ်နေပြီး သူ့ရဲ့ကိုယ်ကိုထိကိုင်ဖို့ ခွင့်ပြုချက်မပေးလာတော့ ကသစ်ပန်းကြောင်အမ်းသွားကာ  ရပ်နေမိသည် ။ ထိုအပြုအမူကြောင့် ကသစ်ပန်းမျက်နှာ ညှိုးငယ်သွားတာမြင်တော့ ဧကရာဇ်မောင်က စိတ်မကောင်းဖြစ်သွားပေမဲ့ ကုမုဒြာကလွဲရင် တစ်ခြားလူခုလိုပြုမူတာမျိုး မခံနိုင်တဲ့ကိုယ့်ကိုယ်ကိုပင် နားမလည်နိုင်ဖြစ်သွားသည် ။

အရင်က ကသစ်ပန်းနဲ့ဆို စိတ်ရှုတ်တာမျိုး အဆင်မပြေတာမျိုးမရှိဘူးဟုထင်မိပေမဲ့ ခုနောက်ပိုင်းသူမရဲ့အပြုအမူတွေ ရဲတင်းလာလေ ဧကရာဇ်မောင် ပို၍နေရထိုင်ရကြပ်လာပြီး စိတ်ရှုတ်လာသည်ဟုခံစားမိလာသည် ။  ပြီးတော့သူကအိမ်ထောင်သည်တစ်ယောက်ဖြစ်ပြီး ကသစ်ပန်းရဲ့သူဌေးဖြစ်တာကြောင့် အပြစ်မဲ့တဲ့သူမကို တစ်ခြားလူတွေအပြစ်ပြောတာမျိုးမဖြစ်ရအောင် သူ့ဘက်ကထိန်းထိန်းသိမ်းသိမ်းနေဖို့လိုသည်ဟု တွေးမိလိုက်သည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now