Unicode
~~~~~~~" သခင်လေးတစ်ယောက်ထည်းအဆင်ပြေရဲ့လား … ဘာကြောင့်အိမ်အကူတွေကိုခေါ်မသွားတာလဲ "
" အဆင်ပြေပါတယ် … မောင့်အခန်းကကျည်းပြီးရှုတ်ပွေနေပေမဲ့ ခုသန့်ရှင်းလိုက်တော့ လှသွားပြီ … အဝတ်တွေလဲအားလုံးလျှော်ပြီးပြီ … မောင်ပြန်မလာခင်ညနေစာ ချက်ဖို့ပြင်ရမယ် "
ကုမုဒြာက တစ်ပတ်လုံးအိမ်ပြန်မလာတဲ့မောင့်ကို သူကိုယ်တိုင်ရှာပြီး လာတွေ့ခြင်းပင် ။ မောင့်မရှိတုန်း မောင့်ရဲ့အခန်းကိုသန့်ရှင်းပြီး မောင့်အတွက်ညနေစာချက်ပြုတ်ကာ မောင့်အားစပရိုက်လုပ်ဖို့တွေးထားသည် ။ မောင်ကသူကြိုက်တဲ့အစားအစာတွေကိုမြင်ရင် ပြုံးပျော်နေတတ်သည် ။ ရက်တွေလဲကြာပြီမို့ မောင်မုဒြာအပေါ် စိတ်မဆိုးတော့လောက်ဘူးဟု တွေးထားသည် ။
ဦးလေးမြတ်နဲ့ဖုန်းပြောပြီးနောက် မုဒြာဟင်းချက်ဖို့ပြင်တော့သည် ။ မုဒြာမောင့်ကိုကောင်းစေချင်၍စောင့်ရှောက်ပေးတာကို မောင့်အမြင်မှာချုပ်ချယ်သလိုဖြစ်နေ၍ ဒီတစ်ခါမောင့်စိတ်ကြိုက်လွှတ်ထားပေးပြီး မောင့်ရဲ့အမြင်တွေမုဒြာအပေါ်ကောင်းလာစေဖို့ မုဒြာကိုယ်တိုင်မောင့်အကြိုက်လိုက်ဖို့ဆုံးဖြတ်ထားသည် ။
ကို့အနားကထွက်သွားချင်တဲ့လူကို ဆွဲထားရတာပင်ပန်းပေမဲ့ပေါ့ … မုဒြာဟင်းချက်ဖို့ပြင်နေစဉ် အတွေးလွန်ကာ ဓားကသူ့ရဲ့လက်ကိုချော်ပြီးထိသွားကာသွေးများထွက်လာလေတော့သည် ။
" အား … နာလိုက်တာ "
ချက်ချင်းပဲ သွေးတွေကိုရေဆေးလိုက်ပြီး မောင်မလာခင်ကျက်ဖို့အမြန်ပြင်ရတော့သည် ။ အားလုံးအဆင်သင့်ဖြစ်သွားတော့ မောင်အလုပ်က ပြန်လာမဲ့အချိန်လဲ နီးကပ်နေပြီမို့ မုဒြာက မောင့်ကိုအံ့ဩသွားအောင်လုပ်ဖို့ အခန်းမီးပိတ်ကာ အမှောင်ထဲမှာ စိတ်လှုပ်ရှားစွာထိုင်နေသည် ။
' ဂျောက် '
ထိုစဉ်တံခါးသော့ဖွင့်သံကိုကြားလိုက်ရပြီး မုဒြာအကြည့်တွေက တံခါးဝထံရောက်သွားသည် ။ ကုမုဒြာက မျှော်လင့်ချက်အပြည့်နဲ့ငေးကြည့်နေစဥ် အခန်းတံခါးပွင့်လာကာမောင်ဝင်လာပြီး မီးဖွင့်လိုက်တော့ မုဒြာကိုမြင်သွားကာ ပြုံးပျော်နေတဲ့မောင့်မျက်နှာက ချက်ချင်းအေးဆက်သွားလေတော့သည် ။

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...