မေမေကထပ်ပြီးငိုနေပြန်သည် ။ ဧကရာဇ်မောင်ကမေမေ့စကားကလွဲပြီး ဘယ်အရာကိုမှနားမဝင်တော့ပေ ။ ဒါကြောင့် သူ့စိတ်ထဲမှာ ကုမုဒြာဟာလဲ သူ့အပေါ်ကစားချင်၍သာ ကောင်းကောင်းမွန်မွန်ဆက်ဆံနေသည်ဟု ထင်မှတ်လိုက်သည် ။

တစ်နေ့မောင်ကျောင်းကပြန်လာစဉ် မုဒြာတို့သူငယ်ချင်းအုပ်စုက ခြံထဲမှာကစားနေကြသည် ။ မောင်လဲသူတို့နားမသွားချင်၍ ဘေးနားကဖြတ်ကာ အိမ်ထဲဝင်လာခဲ့သည် ။

" ဟေး မုဒြာ … မင်းရဲ့ဈေးပေါတဲ့ခွေးလေးက ငါတို့ကိုမြင်တာတောင်နှုတ်ဆက်မသွားဘူး … သူ့ကိုယ်သူဘာထင်နေလဲမသိဘူး  "

" သူက ကုမုဒြာရဲ့အချစ်တော်လေးဆိုတော့မာနကြီးတာနေမှာပေါ့ … ဟား "

လှောင်ရယ်သံတွေကဧကရာဇ်ရဲ့နားထဲမှာ ကျယ်လောင်စွာထွက်ပေါ်လာသည် ။ အားလုံးရဲ့အကြည့်တွေက သူ့အပေါ်အထင်သေးကာ အနိုင်ကျင့်ဗိုလ်ကျချင်နေပုံပင် ။ သူ့မိခင်ရောက်လာတော့ သူကငိုယိုပြီးပြန်တိုင်လိုက်သည် ။

" မေမေသူတို့ကသားကိုအနိုင်ကျင့်တယ် … သားသူတို့ကိုပြန်ပြီး လက်တုန့်ပြန်ချင်တယ် "

" လောကကြီးမှာ ကြီးနိုင်ငယ်ညှင်းဆိုတာ သဘာဝလိုပဲ …  အင်အားကြီးတဲ့လူကအင်အားနည်းတဲ့လူကိုဝိုင်းအနိုင်ကျင့်ချင်ကြတယ် …  သူကသားကိုငွေနဲ့ကိုင်သွယ်ရင် သားကသူ့ကိုနှလုံးသားနဲ့ကိုင်သွယ်ရမယ် … ဒါဆိုနောက်ဆုံးဘယ်သူကအနိုင်ရမလဲသိရလိမ့်မယ် "

တစ်နေ့မိခင်နဲ့တွေ့ပြီးပြန်လာစဉ် ကုမုဒြာဟာ ပန်းခင်းအလယ်မှာထိုင်နေကာ ကောင်းကင်ပေါ်ကိုငေးကြည့်နေသည် ။ ဧကရာဇ်မောင်ရန်ကုန်ကိုရောက်ပြီး နှစ်အနည်းငယ်ကြာတဲ့ထိ ပျော်ရွှင်စွာနေခဲ့ပြီးနောက် မုဒြာကိုယ်ပိုင်အထက်တန်းကျောင်းပြောင်းကာ အဆောင်နေသည့်အချိန်၌ မိခင်နဲ့အတူအချိန်ကုန်ဆုံးကာ မုဒြာအပေါ်စတင်အေးဆက်လာပြီး အရင်ကလိုမပြုံးပြတော့ပဲ ထွက်သွားခွင့်ပြုဖို့အမြဲတောင်းဆိုနေခဲ့သည် ။ ထိုနေ့က မုဒြာရဲ့ပုံရိပ်ကြောင့် ဧကရာဇ်မောင်ဝမ်းနည်းသလိုခံစားလိုက်ရသည် ။

" ကုမုဒြာ … မင်းဒီမှာဘာလုပ်နေတာလဲ  "

" မောင် … ငါကအိုမီဂါတဲ့ … ဆေးစစ်ချက်ဒီနေ့ပဲထွက်လာတယ် "

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now