ထိုအချိန်ကမောင်ဟာ မိသားစုစီးပွားရေးအကြောင်းဘာတစ်ခုမှနားမလည်သေးပေ ။ သေချာတာကတော့ မိခင်ဟာ ကုမုဒြာတို့မိသားစုကြောင့် အခက်တွေ့ရပြီး ငွေလိုတိုင်း အမြဲငိုယိုကာ ဧကရာဇ်မောင်အား လာပြောပြသည် ။

မိခင်ရဲ့စကားတွေကြောင့် ကုမုဒြာဟာ သူလိုချင်တာရဖို့အတွက် သူ့မိသားစုကိုအခက်တွေ့အောင်လုပ်သည်ဟု အမြင်တွေပြောင်းလဲလာသည် ။

မိခင်ကိုကူညီပေးမယ်ပြောပြီး ဒုက္ခရောက်အောင်လုပ်လာတော့ ကတိမတည်တဲ့ကုမုဒြာအပေါ် ဧကရာဇ်မောင်စတင်မုန်းတီးလာခဲ့သည် ။ ​မိခင်က ဧကရာဇ်မောင်ကိုမကြာခနလာတွေ့ပေးပြီး အထီးမကျန်အောင်လုပ်ပေးသည် ။ သူမက မုဒြာရဲ့လှည့်ကွက်တွေအောက်မရောက်သွားအောင် သူ့ကိုအမြဲသွန်သင်ဆုံးမပေးသည် ။

" မေမေ … ဒီနေ့သခင်လေးက သားကိုပါတီပွဲကိုခေါ်မယ်ပြောပြီးသူ့သူငယ်ချင်းတွေကိုခေါ်သွားတယ် … သူတို့ပြောတာက သားကအဲ့လိုပွဲမျိုးနဲ့မသင့်တော်ဘူးတဲ့ … သားကညစ်ပတ်နေလို့လားဟင် "

" ကလေးလေးရယ် … လူကုံထံတွေကြားမှာ ဘယ်လောက်တောင်မျက်နှာငယ်နေလိုက်မလဲ … အားလုံးက အမေ့အပြစ်တွေပါကွယ် "

" အမေ့အပြစ်မဟုတ်ပါဘူး … သူကသားကိုကတိပေးပြီးမခေါ်တာ … သူကဘာလို့လိမ်တာလဲဟင် "

"  မေမေတို့က သူတို့နဲ့ယှဉ်ရင်နိမ့်ကျတယ်လေ … ချမ်းသာတဲ့လူတွေအမြင်မှာတော့ မေမေတို့လိုနိမ့်ကျတဲ့လူတွေက ကစားစရာအရုပ်တစ်ရုပ်လိုပဲ … ကတိကလဲလွယ်လွယ်ပေးပြီး လွယ်လွယ်ဖျက်လို့ရတယ် … မေမေ့သားလေးကို မကယ်ပေးနိုင်လို့ မေမေတကယ်စိတ်မကောင်းဘူး "

" သူကသားကိုတကယ်မလိုချင်ဘူးလားဟင် … သားကိုလိုချင်တဲ့သူ ဘယ်သူမှမရှိတော့ဘူး "

" သားလေးကမေမေ့ရဲ့သားလေးပါ … သားလေးအပေါ်တကယ်ကောင်းပေးနိုင်တဲ့သူကမေမေတစ်ယောက်ပဲရှိတယ် … သူကောင်းတယ်ဆိုတာက သားလေးကသူ့အတွက်ပျော်စရာကောင်းတဲ့ ကစားစရာအရုပ်ဖြစ်နေလို့ပဲ … မေမေပြောတာမှတ်ထားနော် … သူပြောတိုင်းမယုံနဲ့ … ချမ်းသာတဲ့သူတွေက ပိုပြီးလိမ်ညာတတ်ပြီး ကတိမတည်ကြဘူး  "

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now