" ကျတော့ကို ကြည့်နေတယ်မလားဟင် "

ထိုကောင်လေးဆီက ထပ်မံထွက်ပေါ်လာသည့် ကြေကွဲသံအပြည့်နဲ့ စကားလုံးလေးတချို့။
ယန်းလီ ထိုကောင်လေးနဲ့ မကမ်းမလှမ်းမှာရှိနေသည့် သစ်ပင်အကွယ်တနေရာမှာနေရာယူလိုက်၍ ထိုကောင်လေးကို ငေးကြည့်နေမိတယ်။

"မားသိလား ... ဟိုးရက်ကလေ ဟိုလူကြီး တို့ ရောက်လာတယ် မားသိလား ...ဟက် သူကလေ ...ကျတော့ကို သားငယ် တဲ့လေ"

"HK  ရီရတယ်နော် ကျတော်က သူတို့သွေးသားမဟုတ်ပါဘူးလို့ သတ်မှတ်တော့လဲ သူတို့ဘဲ ကန်ထုတ်တော့လဲ သူတို့ဘဲ  အခု ချည်းကပ်လာပြန်တော့လဲ သူတို့ဘဲ ဟက် ဟ ဟ ဟ လူတွေက တခါ တခါကျ အရမ်းရယ်ရတာဘဲ နော်  "

မိခင်ရှိရာ ကောင်းကင်ကြီးကို စကားတွေ အများကြီးပြောနေတဲ့ ကောင်လေး။ နာကျင်စွာ ရယ်မောနေတဲ့ ကောင်လေးက သူ့နားထင်ကို ဖြတ်ကာ စီးဆင်းနေတဲ့ မျက်ရည်စီးကြောင်းတွေကို သတိပြုမိရဲ့လားတောင်မသိ။

‌ယန်းလီ မသိစိတ်ရဲ့ စေခိုင်းမှုကြောင့် သူမ ထိုကောင်ငယ်လေးရဲ့ ကြေကွဲမှုပြည့်နူက်နေတဲ့ မျက်နှာလေးကို  ကင်မရာနဲ့ အနီးကပ် zoomဆွဲကာ မှတ်တမ်းတင်လိုက်မိသည်။ ထို့နောက် ယန်းလီ ကင်မရာ screenထက်မှာကြည်လင်ပြတ်သားစွာ  ပေါ်နေတဲ့ မျက်ရည်တွေစီးကျနေတဲ့ မျက်နှာဖူးဖူးလေးကို အသာအယာထိကိုင်လိုက်ကာ~

" အရမ်းနာကျင်နေမှာဘဲ "

ယန်းလီ ရေရွတ်လိုက်ကာ ခုံတန်းလျားပေါ်က ကောင်လေးကို တချက် ကြည့်လိုက်ပြီး ထိုနေရာမှ ကျောခိုင်းထွက်လာခဲ့လိုက်သည်။

    ******

"ဘယ်လိုလဲ တွေ့ခဲ့လား "

သူတို့အနားကို အပြေးလေးရောက်လာတဲ့ ဟောက်ရွှမ်းကို ရှောင်ကျန့် ဆီးကြိုကာမေးလိုက်သည်။

"အေး "

"ဘယ်မှာလဲ "

" ကျောင်းနောက် ပန်းခြံမှာ တဲ့ "

"Ok သွားကြတာပေါ့"

ရှောင်ကျန့် ကျောင်းနောက်ဉယျာဉ်ဆီကို ခြေဦးတည့်လိုက်သည်။

ဟော တွေ့ပါပြီ လက်ပေါ် ခေါင်းတင်ပြီး ခုံတန်းလျားရှည်ပေါ် လှဲအိပ်နေတဲ့ ကောင်လေး။

Closer You & IWhere stories live. Discover now