Unicode
~~~~~~~~" ဥက္ကဌ ဧကရာဇ်မောင်က ကံကောင်းတယ်ဗျာ … ချောမောလှပတဲ့အိုမီဂါလေးကိုပိုင်ဆိုင်ထားတဲ့အပြင် ထက်မြတ်တဲ့ အတွင်းရေးမှူးကလဲအနားမှာရှိနေတယ် … ဒီလောက်ပြီးပြည့်စုံမှုက ဘယ်မှာရှိနိုင်တော့မလဲ … အဟား "
" အဲ့လောက်လဲမဟုတ်ပါဘူးဗျာ "
လုပ်ငန်းရှင်ကြီးတွေက ဧကရာဇ်ကိုကံကောင်းသည်ဟု တတွတ်တွတ်ပြောနေပေမဲ့ ဧကရာဇ်မောင်ဟာ တည်ငြိမ်စွာပင်ပြန်ဖြေနေခဲ့သည် ။ ထိုစဉ် သူဌေးကြီးတစ်ဦးက ဧကရာဇ်မောင်အားမေးလာသည် ။
" ဥက္ကဌဧကရာဇ်မောင်က Dominant Alpha တစ်ယောက်လို့ပြောကြပေမဲ့ ခုချိန်ထိမျိုးဆက်မထွန်းကားသေးတာအံ့ဩစရာပဲ … ပြဿနာတစ်ခုခုရှိလို့လား … ဒါမှမဟုတ် မယူချင်သေးတာလား "
ထိုလူကသဘောရိုးဖြင့်မေးပေမဲ့ ဧကရာဇ်မောင်စိတ်ထဲမှာတော့အနှိမ်ခံလိုက်ရသလိုပင် ။ အားကြီးတဲ့ Dominant Alpha တွေက ရိုးရိုး Alpha တွေထက်အားကောင်းကာ ကလေးထွန်းကာဖို့ပိုလွယ်ကူသည် ။ ဧကရာဇ်မောင်ဟာ ရှားပါတဲ့ Dominant Alpha ဖြစ်ပေမဲ့ ခုထိ ကုမုဒြာကို ကိုယ်ဝန်ရအောင်မစွမ်းဆောင်နိုင်သေးပေ ။
သူတို့အရင်က တစ်ပတ်ကိုတစ်ကြိမ်နဲ့ Heat Cycle ကာလတွေမှာ အတူနေကြပေမဲ့ ခုထိကလေးရအောင်မလုပ်ဆောင်နိုင်ပေ ။ ထိုလူရဲ့မေးခွန်းက မောင့်အတွက်ဖြေရခက်စေသည် ။ မစွမ်းဆောင်နိုင်လို့ဟုအမှန်ဆိုလျှင် အင်အားကြီးတဲ့အယ်ဖာဖြစ်တာတောင် ဒါလေးတောင်မလုပ်နိုင်ဘူးဟု ကဲ့ရဲ့ကြလိမ့်မည် ။ မလိုချင်သေးဘူးဟုဆိုလျှင်လဲ သူဟာဥက္ကဌရာထူးကိုယူပြီးပြီမို့ ဆက်ခံသူရရှိဖို့ ကလေးယူရန်လိုအပ်သည် ။
ထိုမေးခွန်းအား ဧကရာဇ်မောင်ဖြေရခက်နေစဉ် အဖိုးကသူ့အနားရောက်လာခဲ့သည် ။
" ငါ့မြေလေးက မကြာခင်ပဲ ကလေးယူတော့မှာ … ဘာလို့မေးတာလဲ … ကလေးမရနိုင်ဘူးထင်လို့လား "
ဥက္ကဌကြီးက လူတိုင်းရိုသေကြောက်ရွံ့ရသည့်လူမျိုးဖြစ်သလို စကားကိုကွေ့ဝိုက်မပြောပဲ ဒဲ့ပြောတတ်သူမို့ မေးလိုက်သည့်သူမှာ အရှက်ရသွားသည် ။ သူက ကုမိသားစုကိုကဲ့ရဲ့ရလောက်အောင်ထိ အင်အားကြီးသူမဟုတ်သလို ဥက္ကဌကြီးသာစိတ်ကွက်လျှင် သူ့မိသားစုအားလုံးဒုက္ခရောက်နိုင်သည် ။ ထိုလူကမျက်နှာပျက်သွားကာ ချက်ချင်းတောင်းပန်လေတော့သည် ။

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...