"ဦး~"
သူ့အတွက်ဒီနာမ်စားလေးဟာအထူးခြားဆုံး...
ဦးနဲ့စတင်တွေ့ဆုံတဲ့နေ့..သူ့ရဲ့၁၆နှစ်ပြည့်မွေးနေ့မှာ ဖေဖေက သူ့သူငယ်ချင်းတဖြစ်ရော မိတ်ဆွေဖြစ်သူဦးကို ဖိတ်ခေါ်ခဲ့သည်။
ဦးဟာ ဖေဖေနဲ့အသက်ရွယ်တူတော့မဟုတ်ပေမဲ့ သူနဲ့ဆိုရင်တော့ ၁၅နှစ်ကွာပါသည်။
ဦးနဲ့စတင်တွေ့ဆုံမှုဟာ ကံကြမ္မာကြောင့်ဆိုပေမဲ့ ထိုနေ့ကသူဦးကိုအမြဲငေးနေမိသည်။..အခုထိပေါ့..
အခုတော့ သူဟာ ၂၁ နှစ် ဦးဟာ ၃၆နှစ်ပေါ့..
ကံအကြောင်းကလှသည်ပြောရမည်။ သူ့ကိုအရိပ်တကြည့်ကြည့်နဲ့အဖိုးဟာ သူ့ရဲ့စိတ်တွေကိုသိသာစွာ...သူ့နဲ့ဦးကိုလက်ဆက်ပေးသတဲ့..
သူကတော့ဦးသဘောမကျလေမလားဆိုတဲ့စိတ်နဲ့ လူကြီးတွေရှေ့ငြင်းခဲ့ပေမဲ့...ဦးကတော့သူနဲ့ကွဲပြားစွာလက်ခံခဲ့သတဲ့..ပါးကပါးချိုင့်တွေအတော်နက်ဝင်အောင်ပြုံးနေရင်းပေါ့...
တကယ်တော့သူကရောငြင်းချင်ပါ့မလားနော်...ဦးနဲ့တွေ့ဆုံရမှုဟာမများပေမဲ့ တွေ့ဆုံခဲ့တဲ့အချိန်တိုင်းမှာ ဦးဟာသူ့ကိုအမြဲဂရုတစိုက်.
စိတ်မှာပျော်ပေမဲ့ အပျော်ကြီးမပျော်နိုင်ခဲ့..တော်ကြာအတော်လေးနစ်မွန်းသွားမှာပဲ့ဆိုးပါသည်။ မရုန်းထွက်နိုင်ခဲ့ရင်တော့ ခက်တယ်မို့လား...
ဒါပေမဲ့ သူ့ရဲ့လေးနေတဲ့စိတ်တွေဟာ ထိုနေ့မတိုင်ခင်ထိပါ..
ထိုနေ့သည် အဖိုးရဲ့လက်ဆက်စကားကိုကြားပြီး ရက်သတ်တစ်ပတ်ရှိပြီဖြစ်သည်။ နောက်သုံးရက်လောက်နေရင် သူနဲ့ဦးဟာ အိမ်ထောင်ဖက်တွေဖြစ်သွားတော့မည်။
ထိုနေ့က...
အဖိုးရဲ့စာဖတ်ခန်းရှေ့ရှိရုတ်တရက်ဖြတ်မိရင်း ကြားလိုက်ရတဲ့စကားသံကြောင့်ရင်ထဲထိတ်ခနဲ..
"Chanyeol မင်းမြေးလေးကိုချစ်နေတာ သိပါတယ် မဖွင့်ပြောတော့ဘူးလား.."
"Mr.Parkရဲ့မြေးလေးကိုချစ်တာမှန်ပေမဲ့ Kyung လေးရဲ့စိတ်ကိုအတင်းအကြပ်ကျွန်တော်မလုပ်ယူချင်ပါဘူး တကယ်လို့တစ်နေ့ Kyung လေးသာ သဘောကျတဲ့သူတွေ့ရင်ကျွန်တော် နောက်ဆုတ်ပေးမှာပါ...အဲ့အချိန်ထိကKyung လေးအနားမှာနေနိုင်တာကံကောင်းမှုပဲ့မလား..."
