" ကျေနပ်တာပေါ့ ဂျွန်ရယ်...ကျွန်မက ရှင့်ကို သိပ်ချစ်ရတဲ့သူဆိုတော့ ရှင်နဲ့ပတ်သက်သမျှ အရာရာတိုင်းက ကျွန်မကို ပျော်ရွှင်စေတယ်။ ကျွန်မက ရှင့်ရဲ့ အရာရာတိုင်းကို မြတ်နိုးတယ်၊ တန်ဖိုးထားတယ် "

မင်ယောင်းစကားကြားတော့ ဦးဂျွန်တို့ သူ့ကိုယ်သူ မလုံသလိုခံစားရကာ ချွေးပျံချင်လာသည်။ တစ်ဖက်သားက သူ့အပေါ် တဖြုတ်ဖြုတ်ကြွေနေတာကို သူ့ဘက်က လိမ်ညာကစားနေရတာ လိပ်ပြာသိပ်မသန့်ချင်တော့ဘူးလေ။

" တကယ်ပဲ ကိုယ့်ရဲ့အရာရာတိုင်းကို မင်ယောင်းက မြတ်နိုးတန်ဖိုးထားပေးနိုင်တာလား "

အိပ်ရာကထပြီး သူ့အနားရောက်လာသော ထယ်ယောင်းကိုကြည့်ကာ မေးလိုက်မိသော ထိုမေးခွန်း။ အရောင်တလက်လက်တောက်ပနေသော ထယ်ယောင်းမျက်ဝန်းတို့က လန့်စရာကောင်းလောက်အောင် သူ့မျက်နှာကို စူးစိုက်ကြည့်နေခဲ့တော့ ဦးဂျွန်မှာ ဖုန်းပြောရင်း ချွေးပျံလျှက်။

" ဒါပေါ့ ဂျွန်ရဲ့...ကျွန်မက ရှင်နဲ့ပတ်သက်သမျှ အရာရာကို မြတ်နိုးတာ "

မင်ယောင်း ဖုန်းသံကို နားထောင်နေရင်း နောက်ကျောဘက်မှ သူ့ကိုသိုင်းဖက်လာသော ထယ်ယောင်းလက်များကြောင့် ဦးဂျွန်လည်း တဖြည်းဖြည်းထိတ်လန့်စပြုလာသည်။ ဖက်ရုံမျှနှင့်မပြီးသေး သူ့ပခုံးပေါ် ခေါင်းလေးမှီတင်လာပြီး နှုတ်ခမ်းစူစူလေးဖြင့် လည်ပင်းကို ကလိလာပြန်၍ အသက်ရှူဖို့တောင် မေ့လုမတတ်။

ခါးပတ်အပေါ်နားတစ်ဝိုက်မှစ၍ ဝမ်းဗိုက်နေရာအနှံကို ပွတ်သပ်ကစားလာပြန်သော လက်ကလေးများကြောင့်လည်း ရင်ခုန်သံတွေက တဒိန်းဒိန်းဖြင့်။ 'ဘာလုပ်တာလဲ ' ဟူသော အကြည့်ဖြင့် တုန့်ပြန်လိုက်တော့ အနှီကိုယ်တော်လေးက 'ဆက်ပြောလေ' ဟူသော အဓိပ္ပါယ်ဖြင့် စိန်ခေါ်သလို မျက်တောင်လေးပင့်ပြလာသည်။

" ဟုတ်လား...အဲ့ဒါကြောင့်လည်း ကိုယ်က မင်ယောင်းကို ချစ်နေရတာ...အင့် "

ရုတ်တရက်ကြီး ဘောင်းဘီခွကြားကို လှမ်းကိုင်လာသော ထယ်ယောင်းကြောင့် လန်ဖြန့်ကာ အင့်ခနဲ့ အာမေဍိတ်သံပြုလိုက်မိသော ဂျောင်ဂု။ ဒီကလေး တမင်တကာ အခွင့်အရေးယူနေတာ သိနေရက်နဲ့ မောင်းမထုတ်ရဲသည့် သူ့အဖြစ်ကလည်း တော်တော်ဆိုးရွားလှသည်။

50 Shades of KimWhere stories live. Discover now