Start from the beginning
ရှောင်ယွီက ဖူးယာနဲ့ အလှလေးတို့ရဲ့ ဆက်ဆံရေးကို ဟိုးအစေားကြီးကတည်းက သိနေခဲ့တယ်။ဘယ်အချိန်ကတည်းကလဲဆိုရင် ဘုရင်ရှုချင်နဲ့ အမက်ကြီးတွေရဲ့အရှေ့မှာ အနီရဲရဲ ဝတ်စုံလေးနဲ့ ကပြပြီး ဖျော်ဖြေခဲ့တဲ့ ညတုန်းကတည်းကပါ။အဲ့နေ့ညတုန်းက အလှလေးက အပယ်ခံနန်းဆောင်မှာ ပိတ်မိနေခဲ့တာဖြစ်ပြီး ဖူးယာတောင် လိုက်သွားခဲ့သေးပါတယ်။ပြီးတော့''ချစ်ချင် ချစ်ပေါ့''ဆိုတဲ့ ခေါင်းစဥ်နဲ့ဘဲ ကိုယ်တွေရဲ့ ဖရိုဖရဲလေးတောင် အလှလေး အစားခံလိုက်ရသေးတယ်><
Btw သာသာပြောချင်တာက အဲ့ဒီညပြီးတော့ လျောင်ပြည်ရဲ့ ထျင်းရှန်းဂေဟာမှာ ရှောင်ယွီနဲ့ ဖူးယာတို့ ဒုတိယတစ်ကြိမ် ပြန်တွေ့ကြတယ်လေ။အဲ့ဒီမှာဘဲ ရှောင်ယွီက ကိုယ်တွေရဲ့ ဖူးယာလေးကို ကြည့်ပြီး...
''ဟွန်း...ထင်သလောက်လည်း မလှပါဘူး''လို့ ပြောလိုက်ပါတယ်။ပြီးတော့ အဲ့ဒီအခန်းမှာဘဲ ရှောင်ယွီနဲ့ဖူးယာပြောဖြစ်ခဲ့တဲ့ စကားတွေကို သွားဖတ်ပေးကြပါ။(Part-33)
အဲ့ဒီpartမှာ ရှောင်ယွီဖူယာလေးကို ပြောတဲ့စကားတိုင်းက ပထမဦးဆုံး သိကျွမ်းကြတဲ့ လူနှစ်ယောက် အကြားမှာ ပြောထွက်ရမည့် စကားမျိုးတွေတော့ မဟုတ်ခဲ့ပါဘူး။
သေချာပေါက် ချင်းလန်ရင်းက ဖူးယာလေးကို သူကချစ်နေပြီး ဖူးယာလေးက သူ့အပိုင်ဆိုတာ ပြောပြထားခဲ့တာမို့သာ တမင်ရန်ရှာပြီး ပြောထွက်လာခဲ့တဲ့ စကားတွေပါ။
အလှလေးကလည်း ဘာဖြစ်လို့ ပြောပြထားခဲ့တာလဲဆိုရင် သူကလည်း ရှောင်ယွီ့သူ့အပေါ်မှာ ထားတဲ့ မရှင်းမလင်း ခံစားချက်ကြီးကို သိနေလို့ဘဲပေါ့။ရှောင်ယွီ့သူအပေါ်မှာထားတဲ့ ခံစားချက်တွေကို ရပ်တန့်စေချင်ခဲ့လို့။
သူ့ရဲ့ကျေးဇူးရှင်လည်း ဖြစ်နေတဲ့ရှောင်ယွီကို တိုက်ရိုက်ကြီး ငြင်းဆန်ပြီး စိတ်ဒုက္ခမဖြစ်စေချင်တာကြောင့် ပညာသားပါပါနဲ့ ငြင်းဆန်ထားခဲ့တာပါ။
2/
ရှောင်ယွီက ချင်းလန်ရင်းကို ဘာလို့ ''ချင်းလန့်''လို့ ခေါ်ခဲ့ရတာလဲ?
ရှောင်ယွီက ချင်းလန်ရင်းကို ''ချင်းလန်''လို့ ခေါ်ပြီး ဖူးယာရဲ့အရှေ့မှာတောင် မရှောင်ဘဲ သူတို့ကြားထဲမှာ ဆက်ဆံရေးတစ်ခုခုရှိသလို ပြုမူနေခဲ့တာကို အားလုံးသိကြမှာပါ။
🎉 You've finished reading အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) 🎉
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) Where stories live. Discover now