လဲ့ယ်ထျဲ၏ကျောပြင်မှာ ခြံအပြင်ဘက်၌ ပျောက်ကွယ်သွားတော့မှ သူ လဲ့ယ်ထျဲကို တစ်ချိန်လုံး စောင့်ကြည့်နေမိကြောင်း ရုတ်တရက် သိလိုက်ရသည်။အသိစိတ်ပြန်ကပ်လာရန် သူ့မျက်နှာကို ပွတ်သပ်လိုက်ကာ တည်ငြိမ်စွာ ဆန်ဆက်​ဆေး​နေလိုက်သည်။သူတို့ရဲ့ ခံစားချက်တွေကို သေချာချပြပြီးနောက်မှ​တော့ လဲ့ယ်ထျဲက သူနှင့် မိသားစုအရ သက်ဆိုင်လာပြီ။လဲ့ယ်ထျဲကို စိုက်မကြည့်ဘဲမနေနိုင်လောက်အောင် ဖြစ်​​နေတာက ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘူးလား?

လဲ့ယ်ထျဲ ရေလောင်းရာမှ ပြန်လာသောအခါ ချင်မျန်သည် သတိပေးခြင်းမရှိ သူ့လည်ပင်းကို ဆွဲကိုင်ကာ နှုတ်ခမ်းကို အတင်းနမ်းလိုက်သည်။သူ နည်းနည်းတော့ နားမလည်ဖြစ်သွားရ၏။ပြီးမှ ချင်မျန်သည် တက်တက်ကြွကြွဖြင့် စိတ်အ​ခြေအ​နေကောင်းစွာ ချက်ပြုတ်ရန် အေး​အေးဆေး​ဆေး ထွက်​သွား​တော့မှ လဲ့ယ်ထျဲ စိတ်​အေးသွားကာ မီးဖိုရှေ့တွင် မီးကြည့်ကာ ထင်းထည့်​နေရင်း ပုံမှန်အနေအထားအတိုင်း ငြိမ်သက်စွာ ထိုင်နေလိုက်သည်။

"မနက်ဖြန် ရေကန်တူးဖို့ လူဘယ်နှစ်ယောက် ငှားရမလဲ?" ချင်မျန်သည် အလွန်မွှေးကြိုင်နေသည့် နှစ်ပြန်နှပ်ထားသည့် ဝက်သားကို ပန်းကန်ထဲသို့ ထည့်လိုက်သည်။သူ သူ့တူချောင်းတွေဖြင့် မြည်းစမ်းရန် အသားတစ်ဖက်ကို ညှပ်ယူလိုက်သည်။ထို့နောက် နောက်အသားတစ်ပိုင်းကို ယူကာ လဲ့ယ်ထျဲ၏ပါးစပ်နားသို့ ပို့လိုက်၏။ “မြည်းကြည့်”

လဲ့ယ်ထျဲသည် တူကိုကိုင်ကာ အသားကိုစားနေစဉ် သူ့ကို ကြည့်လိုက်သည်။ချင်မျန်လည်း အခု သူ တူမလဲလိုက်ရသေးကြောင်း ရုတ်တရက် သတိရသွား၏။

“လူသုံးဆယ်။လူနှစ်ဆယ့်နှစ်ယောက်က မြေကိုတူးပြီး ရှစ်ယောက်က မြေကိုသယ်မယ်။” လဲ့ယ်ထျဲက သူ့ပါးစပ်ထဲက အသားတွေကို မျိုချပြီး စကားဆက်ပြော၏။

ချင်မျန်သည် အနီ​ရောင်ငရုတ်ပွခြောက်နှင့် လိုင်းသားကို ကြော်ထားသည့် ဒုတိယဟင်းကို စတင်ချက်ခဲ့သည်။အခုခေတ်မှာတော့ အသားနူးအိဆေး ဒါမှမဟုတ် ပြောင်းမှုန့် မရှိတာ​ကြောင့် လိုင်းသားတွေကို နူးညံ့ပြီး အရသာရှိအောင် ကြော်လို့ပဲရနိုင်၏။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now