အခန်း ၂

Start from the beginning
                                    

မမမြိုင်တို့ အသံကြားရတဲ့အထိ ဒေါသသက်ပြင်းများကို ရှိုက်လိုက်ပြီး သူမရဲ့အင်္ကျီခါးစကို တဆောင့်ဆောင့်လုပ်ကာ ဆွဲချရင်း ညိုလေးအား မျက်စောင်းလက်နက်ပစ်လိုက်ကာဖြင့် အခန်းထဲမှ ထွက်သွားပါတော့သည် ။

တစ်ချိန်လုံး ဘက်ဘယ်အခြမ်းကိုပဲ မြင်နေရတဲ့ ညိုလေးမှာ မမမြိုင်ရဲ့ ညာဘက်ပါးမို့နီနီလေးပေါ်မှာ မှဲ့နက်နက်ကလေး ထင်းနေသည်ကို မြင်လိုက်ရတာကြောင့် သဘောကျစွာ ပြုံးမိပေတော့သည် ။

ကျန်ခဲ့တဲ့ ညိုလေးကတော့ အခန်းထဲက သစ်သားခုံလေးမှာ သက်ပြင်းချကာ ထိုင်လိုက်ရင်း မမမြိုင်ရဲ့ မျက်စောင်းလက်နက်ကို မောင်းဆွဲတင်ကာ ပြန်တွေးကြည့်နေပါတော့သည် ။

ဒီအမျိုးသမီး မျက်စောင်းက နဂါးမီးထက် လောင်တာပဲ ။
အခု ငါ့ရင်ဘက်က မီးတွေ တောက်နေရှာပြီ ။
မမမြိုင်ဆိုတဲ့ အမျိုးသမီးကြောင့်လား ။
သူပစ်လိုက်တဲ့ မျက်စောင်းမီးတောက်ကြောင့် ဖြစ်မယ် ထင်တယ် ။
ဒီလိုဆို ဘယ်လိုလုပ် အမြန်ရင်းနှီးခွင့်ရပါတော့မလဲ ။
ကြောက်လိုက်တာ နော် ။

X X X X X

မမမြိုင်မှာ ညိုလေးအခန်းထဲက ထွက်လာပြီး တံခါးကိုပိတ်ကာဖြင့် အခန်းအရှေ့၌ သက်ပြင်းချနေပေတော့သည် ။

စိတ်တိုဖို့ကောင်းလိုက်တာ နော် ။
စိတ်တိုဖို့ ကောင်းလိုက်တာ ။ ဟွန့် ။

ဒေါသအနည်းငယ်မျှ လျော့သွားပြီးကာမှ ညိုလေးအခန်းဘေးက မီးဖိုဆောင်ထဲသို့ ဝင်သွားပေတော့သည် ။

ဒေါ်ဒေါ်နု ဆိုသော အိမ်တော်ထိန်းနှင့် အစေခံမိန်းကလေး ၃ယောက်တို့ စကားများ၍ ချက်ပြုတ်ကြော်လှော်နေသည်ကို မမမြိုင်တွေ့တော့သည် ။

" ဒေါ်နု ။ "

" သခင်မကြီး လာပြီ ။ ဒေါ်ဒေါ်နု ။ "

အစေခံမိန်းကလေး ၃ယောက်အနက် တစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည် ။

" မြိုင် ။ "

" ဒေါ်နု ။ ကျွန်မ အခု အပေါ်မှာ ခဏသွားမှေးမလို့ ။ ည ၇ နာရီထိုးရင် ထမင်းစားဖို့ အားလုံးအဆင်သင့် ဖြစ်အောင် လုပ်ပေးထားပါ ။ "

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now