ဆယ့်ငါးမိနစ်ခန့်ကြာတော့ ယံယံက လက်အိပ်ကိုချွတ်ကာ သန့်ရှင်းပြီးနောက် ထိုင်နေသည့် မုဒြာအနားရောက်လာခဲ့သည် ။ ယံယံက Omega တစ်ယောက်ဖြစ်ပြီး သူအဓိကကုသမှုတာဝန်ယူထားတာဟာ ဖယ်ရိုမုန်းနဲ့ပတ်သပ်သည့် ရောဂါအမျိုးမျိုးကိုပင် ။ ငယ်စဉ်ကလဲထက်မြတ်သည့် Omega တစ်ယောက်ဖြစ်သလို ယခုလဲ ကြွမ်းကျင်သည့်ဆရာဝန်တစ်ယောက်ဖြစ်နေပြီ ။ ယံယံက မုဒြာအတွက် အယုံကြည်ရဆုံးသူငယ်ချင်းကောင်းတစ်ယောက်လဲဖြစ်သည် ။

ယံယံက တည်ငြိမ်နေသည့်မုဒြာအား မေးလိုက်သည် ။

" မင်းအေးဆေးနေနိုင်ပုံထောက်ရင် မင်းရဲ့မောင်က အဆင်ပြေနေတဲ့ပုံပဲ "

" အင်း … သူခုအိပ်ပျော်နေတယ် "

" ဘယ်လိုဖြစ်တာလဲကွာ … ကားကိုသတိထားပြီးမမောင်းဘူးလား "

" ကားကိုမောင်ကမောင်းလာတာ … သူ့ကြည့်ရတာစိတ်လွင့်နေပုံပဲ "

" သူ့မိဘတွေဆုံးပြီးကတည်းက သူကားမမောင်းဘူးမဟုတ်လား … ဘော်ဒီဂတ်တွေမပါဘူးလား  "

" မောင်က ခုသလောငါ့ကိုဆန့်ကျင်လာသလိုပဲ … ခုသူက ဥက္ကဌတစ်ယောက်ဖြစ်ပြီဆိုတော့ အိမ်ကကားနဲ့အပို့အကြိုမလုပ်ခိုင်းတော့ပဲ သူကိုယ်တိုင်ပဲမောင်းနေတော့တာ … ငါတားလဲမရဘူး … ပြီးတော့ ဘော်ဒီဂတ်တွေကိုလဲ အနားမှာထားခွင့်မပေးတော့ဘူး "

" သူဆေးရောပုံမှန်သောက်ရဲ့လား "

" အင်း … ငါပုံမှန်တော့တိုက်တာပဲ  "

ဧကရာဇ်မောင်နဲ့ပတ်သပ်ရင် စိုးရိမ်စိတ်ကြီးလွန်းတဲ့ ကုမုဒြာအား ယံယံနှစ်သိမ့်ပေးလိုက်သည် ။

" စိတ်မပူပါနဲ့ကွာ … သူအဆင်ပြေလာမှာပါ … ခုအက်စိဒန့်မှာ ဘာမှမဖြစ်တာကိုပဲ ကျေးဇူးတင်ရမယ် … တစ်ခါတစ်ရံတော့လဲ ချုပ်ချယ်တာထက် သူ့ကိုလွတ်လပ်ခွင့်ပေးတာက ပိုကောင်းလိမ့်မယ် "

" ဒီနေ့လို အဖြစ်အပျက်မျိုး ထပ်ဖြစ်မှာကို ငါကြောက်တယ်ယံယံ … မောင်တော်တော်လေးလန့်သွားမှာ "

ယံယံကစိတ်မကောင်းဖြစ်နေတဲ့ မုဒြာအား ပခုံးကိုပုတ်ပေးကာ နှစ်သိမ့်ပေးလိုက်သည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now