ဧကရာဇ်မောင်ဟာ ကုမိသားစုရဲ့သခင်လေး ကုမုဒြာနဲ့ မိတ်ဖက်ကာ တရားဝန်လက်ထပ်ထားပြီး အိမ်ထောင်ရေးသက်တမ်းမှာလဲ ၃ နှစ်ခန့်ပင်ရှိလေပြီ ။ အားလုံးရဲ့အမြင်မှာ သူတို့ရဲ့အိမ်ထောင်ရေးက အလွန်ပျော်စရာကောင်းကာ လိုက်ဖက်လွန်းပေမဲ့ လက်တွေ့မှာတော့ အရာအားလုံးဟာ ခြားနားနေခဲ့သည် ။

ထိုစဉ် ဧကရာဇ်မောင်ရဲ့ ဖုန်းထဲသို့ စာတစ်စောင်ဝင်လာခဲ့သည် ။ ထိုစာကိုမြင်တော့ ဧကရာဇ်မောင်ရဲ့မျက်ခုံးတွေက ကိုင်းညွှတ်နေပြီး အလိုမကျပုံပေါ်နေသည် ။

' မောင် ... ဘယ်အချိန်ပြန်လာမှာလဲ '

ဧကရာဇ်မောင်က စာမပြန်ပဲ ဖုန်းကိုမှောက်ထားလိုက်ပြီး အရက်ကိုသာ ဆက်သောက်နေလိုက်သည် ။

" ဆရာ ... ဆရာကတော်က ပြန်ခေါ်နေပြီလား "

လုပ်ဖော်ကိုင်ဖက်တစ်ယောက်က စကားစမည်ပြောလာတော့ ကျန်လူများကပါ တစ်ယောက်တစ်လှည့်ပြောလာတော့သည် ။

" ဆရာက သခင်လေးကုမုဒြာရဲ့ အချစ်ကိုရရှိတဲ့ ကံအကောင်းဆုံးလူသားပဲ "

" ဟုတ်တယ် ... သခင်လေးက ဆရာစားဖို့ သူကိုယ်တိုင်ချက်ပြုတ်ပြီး လာပို့တာပဲကြည့်လေ ... ဒါကြောင့်လဲ ဆရာက အပြင်တွေထွက်မစားပဲ အမြဲမိန်းမရဲ့ဂရုစိုက်မှုတွေနဲ့ပျော်နေရတာ ... ခုလိုအပျော်အပါးတွေက ဆရာကတော်ရဲ့အချစ်ကို ဘယ်မှီပါ့မလဲ ... ဒါကြောင့်ဒီနေ့မပျော်ရွှင်တာဖြစ်မယ် "

" ဟုတ်မှာ ... ဆရာကတော်က ဆရာ့ကိုအရမ်းချစ်တာ "

* ချစ်တယ်ဟုတ်လား ... ရူးနေတဲ့လူပဲ အဲ့လိုမြင်မှာ ... ငါကသူ့မိတ်ဖက်နေရာရဲ့အစားထိုးခံသပ်သပ်ပဲ … သူလိုအပ်တာ ငါမဟုတ်ဘူး  … ငါ့ရဲ့သောက်ကျိုးနဲ့ဖယ်ရိုမုန်းတွေကိုပဲလိုအပ်တာ *

ထိုစကားတွေက သူ့ရဲ့စိတ်ထဲကနေသာပြောနေခဲ့ခြင်းဖြစ်သည် ။

မီးရောင်တွေက တဖြေးဖြေးဝေဝါးလာပြီး အသံတွေက ပို၍ဆူညံလာသည် ။ သူ့အရှေ့မှာရှိနေတဲ့လူတိုင်းကသူ့ကိုကြည့်ကာ လှောင်ရယ်နေကြသည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now