ရောက်လာသူတိုင်းရဲ့ဘေးမှာ အိုမီဂါအလှလေးတွေရှိနေကြပေမဲ့ စားပွဲဝိုင်းတစ်ခုမှာထိုင်နေသည့် မျက်လုံးနက်နက်နဲ့ မျက်မှောင်ကိုအမြဲကြုတ်ထားတတ်ပြီး ခန့်ညားသည့်ကိုယ်အသွင်နဲ့ အယ်ဖာတစ်ယောက်ရဲ့နဘေးမှာတော့ မည်သူမှမရှိနေပေ ။

ထိုလူအတွက် ဒီနေရာမျိုးက သွားလာလေ့မရှိသလို မြင်နေကြားနေရတာတွေက သူ့ရဲ့စိတ်ကို အပန်းမဖြေနိုင်ပေ ။ အမြဲရေခဲစိုင်လိုအေးစက်ကာ ခံစားချက်မဲ့နေသည့် သူ့ရဲ့မျက်နှာထားကြောင့်လဲ ဖျော်ဖြေသည့်အိုမီဂါလေးတွေအနားမကပ်ရဲကြတာလဲပါသည် ။

" ဘော့စ် ... ခများဒီနေ့ငြိမ်နေပါလား ... ဒီနေရာက ပျော်ဖို့မကောင်းဘူးလား "

ဝိုင်းထဲမှာအတူထိုင်နေသည့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်က စကားစလာတော့မှ ထိုလူက ပြန်ဖြေလိုက်သည် ။

" အင်း ... ဒီနေရာက စိတ်ရှုတ်ဖို့ကောင်းတယ် "

ယခုရောက်ရှိနေတာက အိုမီဂါကလပ်ဖြစ်ပြီး ရောက်ရှိလာသူတိုင်းက အမျိုးသားများဖြစ်ကြကာ အများစုက အိုမီဂါအလှလေးတွေရဲ့ ဖျော်ဖြေမှုမှာ သာယာပျော်ရွှင်နေကြသည် ။ ဧကရာဇ်မောင်ဆိုသည့် ထိုလူကတော့ ထိုအပျော်တွေကို ဂရုမစိုက်ပဲ အရက်ကိုသာ အဆက်မပျက်သောက်နေသည် ။

" ဆရာအရင်က တစ်ခါမှဒီလိုနေရာမျိုးကို မလာဖူးပါဘူး ... ဒီနေ့ဘာလို့များ လိုက်လာဖို့ဆုံးဖြတ်လိုက်တာလဲဗျ ... ကျွန်တော်တို့က ဆရာပျော်ဖို့ထင်နေတာ ... ဆရာ့ကြည့်ရတာ စိတ်ညစ်နေသလိုပဲ "

သူကဘာမှပြန်ပြောမလာပဲ အရက်ကိုသာသောက်နေသည် ။

ဧကရာဇ်မောင်ဟာ M နိုင်ငံရဲ့မျိုးရိုးမြင့်မိသားစုတစ်ခုဖြစ်တဲ့ ကုမိသားစုရဲ့လုပ်ငန်းစုမှာ နယ်မြေချဲ့ထွင်သည့်နေရာနှင့် အဆောက်အဦးဒီဇိုင်းရေးဆွဲသည့်နေရာတွင် စီမံအုပ်ချုပ်ရသည့် CEO ဖြစ်သည် ။ သူရဲ့ကုမ္ပဏီဟာ ဥက္ကဌကြီးရဲ့ လက်အောက်မှာရှိပေမဲ့ လက်ရှိမှာတော့ အဖွဲ့အစည်းထဲမှာ အာဏာအကြီးဆုံးခေါင်းဆောင်ဖြစ်သည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now