မရည်ရွယ်ပါပဲ ရယူမိခြင်း...

Start from the beginning
                                    

"jungkookလည်းရောက်လာပြီဆိုတော့ ငါပြန်လိုက်တော့မယ်ထယ်..."

ပြောရင်းထရပ်လိုက်တဲ့jiminကြောင့် taehyungပါထိုင်နေရာမှထပ်ရပ်လာသည်။

"အင်း ငါ့ကိုတစ်နေ့လုံးအဖော်လုပ်ပေးနေလို့ကျေးဇူးပါminie။ နောက်ပြီးပန်းပင်တွေကူရွေ့ပေးလို့လည်း တစ်ကယ်ကျေးဇူးတင်ပါတယ်"

"ရပါတယ်ကွာ... ဒါဆိုငါပြန်ပြီနော် တစ်ဘက်ခါမှကျောင်းသွားဖို့လာခေါ်မယ်"

"အင်း ဂရုစိုက်ပြန်minie"

minieပြန်သွားတော့ ရပ်နေတဲ့ဂျွန့်ကိုစကားဆိုရသည်။ minieကသူ့ကိုသာနူတ်ဆက်စကားဆိုခဲ့ပေမဲ့ ဂျွန့်ကိုတော့ဘာမှမပြောခဲ့။
ဂျွန်နဲ့minieရဲ့ဆက်ဆံရေးကသိပ်ပြေပုံမရပေမဲ့ အခုကအခြေအနေလေးကပင်အတော်ကောင်းနေခဲ့ပြီ။
မုန်းတိုင်းကြီးပြီးသွားပြီး လေပြေလေးတွေမလာသေးပေမဲ့ မုန်းတိုင်းပြီးသွားသည်ကပင်အတော်ပျော်စရာကောင်းနေပြီဖြစ်၏။
အချိန်တန်လေပြေလေးတွေတိုက်ခပ်လာမည်ဖြစ်သလို အချိန်တစ်ခုရောက်ရင်တော့ သူတို့သုံးယောက်အရင်လိုပျော်ရွှင်ရလိမ့်မည်ပင်။

"ဂျွန်"

"အင်း... ငါ့ကိုဘာပြောလိုက်တာလဲယောင်း "

သူစိတ်ထင်နေတာပဲလားမသိ ဂျွန်ကဒီတလောအတွေးများကာ ငေးငိုက်နေတတ်သည်။ အခုလည်း သူပြောလိုက်တာကိုမကြားမိပဲ ဘယ်ကိုအတွေးရောက်နေတယ်မသိ။ ဂျွန့်ဆီမှာ တစ်ခုခုစိတ်ညစ်တွေရှိနေသည်လား... ဒါမှမဟုတ်သူမသိတဲ့ပြသာနာတစ်စုံတစ်ရာရှိနေသည်လား...။

ဂျွန့်ကိုဟိုမေး၊ ဒီမေးလိုက်မေးနေပြီး အနှောက်အယှက်မဖြစ်စေချင်တာကြောင့် ဂျွန်တစ်နေ့လုံးအပြင်သွားလာနေတာတောင်သူဘာတစ်ခုမှမမေးခဲ့။ ထိုသည်ကိုအခုတော့နောင်တတောင်ရချင်လာမိပြီ....။
ဂျွန်တစ်ယောက်တည်း ပြသာနာတွေအားရင်ဆိုင်နေရမှာမျိုးမဖြစ်စေချင်။ ဘယ်လိုပဲဆိုဆိုအခုဂျွန်နဲ့သူက တရားဝင်လက်ထပ်ထားတဲ့သူတွေဖြစ်သလို ဂျွန့်ပြသာနာတွေကိုတစ်ဖက်၊တစ်စွန်းကပါဝင်ကူညီပေးချင်သည်။

"ဘာမှမဟုတ်ပါဘူး။ ဒါနဲ့ဂျွန်... မင်းမှာတစ်ခုခုပြသာနာရှိနေတာလား။ အမြဲငေးနေတတ်လို့လေမင်းက...ငါ့ကိုပြောပြလို့ရရင်ပြောပြပါလား။ မင်းတစ်ယောက်တည်းစိတ်ညစ်နေတာမျိုးမဖြစ်စေချင်ဘူးဂျွန်... ငါကူညီလို့ရရင်ကူညီပေးချင်လို့ "

Purple Dream [Complete] Where stories live. Discover now