မိတ်ဆက်+(1)(Uni)

711 31 4
                                        

အရင်ဆုံး ဇာတ်ကောင်မိတ်ဆက်ပါ့မယ်။

ခက်သစ်နွယ်

Age-17

Birthday-30.3.2005

အလုပ်အကိုင်-မရှိ(ကလေးက သူဌေးသားလေး🐬)

ဝါသနာ-ရေကူးခြင်း။သီချင်းနားထောင်ခြင်း။စာဖတ်ခြင်း။

မွေးချင်း-မရှိ။

မိဘ-နိုင်ငံခြား၌ ကုမ္ပဏီတည်ထောင်ထား။နိုင်ငံခြားမှာနေ။(နာမည်တွေမရေးတော့ဘူးနော်)

(ကျန်တဲ့ဇာတ်ကောင်လေးတွေက နောက်အပိုင်းတွေမှာ ပါလာမှာပါ။)

***

                               (1)

လရောင်အောက်မှာတည်ရှိနေရသည်ကချမ်း‌ေအးလာသလို။
ကိုက်ခဲနေသောကိုယ်ခန္ဓာမှ အားအင်တွေအကုန် ယုတ်လျော့နေလေပြီ။

လေးလံလွန်းနေသော မျက်ခွံကို အားယူကာ မျက်ခုံးနှစ်ဖက်ကျုံ့လျက် ဖွင့်ကြည့်လိုက်လေတော့ ဝိုင်းစက်နေသည့် လဝန်းကြီးကို အံ့ဩဖွယ်မြင်ရလေသည်။

တဖြူးဖြူးတိုက်လာသည့် ပင်လယ်ညလေညှင်းကြောင့် တုန်တက်သွားသည်။
ခြေဖျားနှစ်ဖက်ကို မထိတထိလာလာစသည့် ပင်လယ်လှိုင်းသေးသေးလေးတွေကြောင့်လည်း အလန့်တကြားကုန်းရုန်းထလိုက်တယ်။

"ဒါ...ဒါဘယ်နေရာလဲ?"

နောက်ဆုံးမှတ်မိသည်က....

"ခက်သစ်နွယ်!အဲ့ဘက်မှာရေနစ်တယ် ဒီဘက်လာခဲ့"

"ငါရေကူးတတ်ပါတယ်ကွာ...ဒီလောက်တော့အေးဆေး"

ငယ်ရွယ်သည့်လူငယ်ဆိုသည့်အတိုင်း တက်ကြွသလို အကြောက်အလန့်မရှိရဲရင့်လှသည်။

လျှင်မြန်စွာလက်ပစ်ကူး၍ ပင်လယ်ထဲတစ်ဖြည်းဖြည်းနက်လာသည်ကိုပင် ခက်သစ်နွယ်သတိမထားမိ။

ရေဝဲကပဲ သူ့ကိုဒီအထိတမင်ဆွဲခေါ်ခဲ့လေသလား။

လှုပ်လို့မရတော့သည့် ခြေထောက်တွေကြောင့် အကူညီတောင်းဖို့ပြင်လိုက်သော်လည်း ကမ်းနှင့်တော်တော်ပင်ဝေးလို့နေသည်။

ထိုအချိန် ရေအောက်၌မွန်းကြပ်စွာ မျှော်လင့်ချက်မဲ့လေတော့သည်။

Ocean Waves (Uni+Zg)       /ongoing/Where stories live. Discover now