နှစ်သက်ရာစာပေအမျိုးအစားသည် ထိုကဲ့သို့သော ကြေကွဲရမှ ၊ ဇာတ်နာရမှ ၊ ပူလောင်နေရမှလို့ သိရတဲ့အချိန်ကတည်းက ညတွေသည် ရှိုက်သံသဲ့သဲ့နဲ့ သိပ်လှခဲ့တာ။

မနက် ၉နာရီနိုးလာချိန် ခေါင်းတွေအုံခဲပြီး မျက်လုံးတွေမို့အစ်နေခဲ့တဲ့ မနက်ခင်းတွေကလည်း အလှဆုံးပါပဲ။

ဘဝမှာ ကော်ဖီခါးခါးတွေသောက်ရတာမကြိုက်ပါဘူး။
ဇာတ်လမ်းတွေကတော့ အခါးအရသာကို ခပ်ပြင်းပြင်းလေးမှ။

အပိုင်း၅၀လောက်ကိုလည်း တစ်ညတည်းနှင့် အပြီးဖတ်ဖူးသည်။
ထိုအရာသည် အချို မကဲသော ကော်ဖီတစ်ခွက်ဖြစ်နေတဲ့အခါ အို...ဘယ်ပြောကောင်းမလဲ။

စာရေးသူကိုသိပ်ကျေးဇူးတင်တာပေါ့။ ထိုအချိန်မှာဖတ်ခဲ့ဖူးသမျှတွေသည် လက်နှစ်ဖက်နှင့်ပင်မဆံ့ချင်တော့။

ဖန်တီးသူကိုယ်တိုင်ရဲ့ ရင်ဘတ်ထဲကိုမြင်အောင်ကြည့်မိခဲ့ရင် ဒို့စာဖတ်သူတွေရဲ့ စီးမျောမှုက အနည်းငယ်တော့တစ်ဆင့်နိမ့်မှာပင်။

မျက်ရည်တွေနဲ့ဖန်တီးတာကို မျက်ရည်တွေနဲ့လိုက်ပါစီးမျောရင်း ဇာတ်ကောင်တွေကို ဘယ်သူက ပို၍မြတ်နိုးပါကြောင်းချစ်သောစိတ်ဖြင့် ငြင်းခုန်ကြတာပေါ့။

တစ်ခါတစ်ရံလည်း ကော်ဖီတွေထဲမှာပျော်ဝင်နေတဲ့ သကြားစလေးတွေကိုတောင့်တသေးပြန်တာ။
အချိုလေးကဲတော့လည်း လည်ချောင်းတစ်လျောက်စီးဆင်းမဲ့အရသာက ဆန်းဆန်းလေးပေါ့။

ချိုချိုဆွိဆွိငြိမ့်ငြိမ့်လေးတွေနဲ့ထိတွေ့ရတော့ 'fic ထဲသာခုန်ဝင်လိုက်ချင်တယ်'ဆိုတဲ့ စကားစုလေးက လှလှပပထွက်ပေါ်လာခဲ့သေးတာ။

ကြူးခဲ့သမျှဇာတ်ကောင်တွေထဲ''နွေဦးမောင်''ကိုအမြတ်နိုးဆုံးလို့ပြောပြီး တခြား Ongoing လိုက်နေတဲ့ fiction ဆီရောက်သွားတဲ့အခါ ''ခွန်းမောင်မှ ခွန်းမောင်''လို့ဆိုကာ ဒို့စာဖတ်သူတွေပလီချက်က Seme တွေပလီပလာတာထက်ပင်ပိုပါသည်။

အများကြီးကိုချစ်ပေးဖို့ရာ ရင်ဘတ်ကြီးက ပင်လယ်ကြီးထက် ကျယ်ပါသည်တို့ဘာတို့ပေါ့။
အဆိုးကောင်လေးတွေမို့လည်း ချစ်ရပါသည်။
အလိမ်မာတုံးလေးမို့လည်း မြတ်နိုးရပါသည်။
အဂျစ်ကလေးဖြစ်ဖြစ် စပ်စလူးလေးဖြစ်ဖြစ် ဖြစ်တည်မှုတိုင်းသဘောကျရပါသည်။

Reader ' PovWhere stories live. Discover now