"လွမ်းခေတ်"
လဝန်း ခုံပေါ်၌ လွယ်အိပ်ပေါ်ကို ခေါင်းတင်ကာ
နေ့ခင်းကြောင်တောင် အိပ်ပျော်နေသော အလွမ်းခေတ်ကို တစ်ချက်အော်ကာ နိုးလိုက်သည်။"ဟဲ့ အလွမ်းခေတ်"
အနားကပ်၍ ဒုတိယအကြိမ်အော်ကာ နှိုးသည်။
သကောင့်သားက မလှုပ်။အိပ်ပျော်နေသည်မှာ
အသေကောင်အလား။"အလွမ်းခေတ်လို့!!"
အနည်းငယ်အသံမြှင့်ကာ အော်သည်။မကြား။
တစ်ဖန် လက်တို့အားဆွဲကိုင်၍ လှုပ်နှိုးသည်။တုတ်တုတ်ပင်မလှုပ်ချေ။ကြာလေတော့ လဝန်း
စိတ်တိုလာပေပြီ။"ခွေးကောင် အလွမ်းခေတ်!!!!!!"
ထိုအခါမှ မောင်မင်းကြီးသားက အင်း...အဲနှင့်
နိုးလာသည်။ပြီးတော့ ဘာမှမသိ အတိတ်မေ့နေသည့်လူလို ငူငူငိုင်ငိုင်ထိုင်နေပြန်သည်။"ဟဲ့!!!!!"
"ဟင်....အင် ဘာလဲ"
"နေ့ခင်းကြောင်တောင်ကြီး အိပ်နေရသလား"
"အိပ်လို့မရဘူးလား"
"ဒီ......"
"ဝှားးးးးးးး အိပ်ချင်လိုက်တာ။မိလဝန်း
နင်ဘာကိစ္စလဲ""ဗိုက်ဆာလို့"
"အငတ်မ။ဗိုက်ဆာတိုင်း ငါ့ဆီလာရအောင် ငါက နင့်အဖေလား"
"အဖေမဟုတ်လို့ လာတာပေါ့။ ငါ့အဖေသာဆို ပြောစရာတောင် လိုမှာမဟုတ်ဘူး။ငါဗိုက်ဆာတာသိတာနဲ့ ချက်ချင်းမုန့်ကျွေးမှာ"
"သောက်ကြွား"
"ဒါနဲ့ နင်ညကျ အိမ်ပြန်မအိပ်ဘူးပေါ့"
"အိပ်မှာပါဟ။ဘာဖြစ်လို့"
"ကျောင်းသားတွေ ညစာစားပွဲက ဒီညမလား။
ညဘက်လုပ်တာ နာတယ်ဟာ။နေ့ဘက်ဆို ငါတို့မိန်းကလေးတွေ လိုက်လို့ရတယ်""ဘယ်တတ်နိုင်မလဲ အမိရယ်။စားဖို့ကံမပါလို့ ဆိုပြီးမှတ်လိုက်ပေါ့"
"အဲ့တာကြောင့် ကံပါသွားအောင် နင်အခု
ဝယ်ကျွေးလေ။နောင်ဘဝရုပ်ချောအောင် ဆုတောင်းပေးမယ်""အပိုတွေ ပြောပြန်ပြီ။ဒီဘဝရော မချောလို့လား"
"ရော် ပိုချောအောင်လေ"
YOU ARE READING
လွမ်း(COMPLETE)
Romanceမောင်က အဲ့ဒီမျက်ဝန်းညိုတွေအတွက်ကြောင့်ပဲ ဒီသံသရာမှာ ခုံမင်စွာ ကျင်လည်ပေးခဲ့ပါတယ်။ စေလိုရာ စေပါစေ..လွမ်းဟာ မောင့်ရဲ့ အရှင်သခင်ပါပဲ။