하나

2.7K 223 50
                                    

Unicode

"Sorry ငါမင်းကိုမချစ်ဘူး"

ဒါဟာဒီနှစ်တွေအတွင်းလာဖွင့်ပြောတဲ့ကောင်လေးကိုဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ပြောခဲ့မိတဲ့စကားရယ်ပါလိမ့်။

ကောင်လေးတစ်ယောက် ခေါင်းမာတဲ့ကောင်လေးလို့ပြောရမလား ဇွဲကြီးတဲ့ကောင်လေးလို့ဘဲပြောရမလား။
ထိုကောင်လေးသူ့ဘေးနားမှာတွယ်ကပ်နေခဲ့တာ ဒီနှစ်နဲ့ဆိုသုံးနှစ်လောက်တောင်ရှိလောက်ပြီ။သုံးနှစ်အတွင်းမှာသူ့ကိုဖွင့်ပြောခဲ့သည်တွေကလဲအကြိမ်ပေါင်းမနည်း။ သူငြင်းခဲ့ရသည်တွေကလဲအကြိမ်ပေါင်းမနည်းဘူးပေါ့။

ပုံမှန်လူတွေဆို တစ်ခေါက်အငြင်းခံလိုက်ရလျှင်ပင်လက်လျှော့သွားကြသည်ကများသည်မဟုတ်လား။တကယ်လို့တစ်ကြိမ်မှာလက်မလျော့ရင်တောင် နှစ်ကြိမ် သုံးကြိမ်‌ လေးကြိမ် ငါးကြိမ် ခြောက်ကြိမ် ထိုသည်ကအလွန်ဆုံးဖြစ်သည်။ဒါပေမယ့် ခုသူ့မျက်စိရှေ့ကကောင်လေးကတော့ထိုသို့မဟုတ်။

သူနဲ့အတန်းတူရွယ်တူကောင်လေးကို သူကတော့သူ့ထက်အငယ်လိုပင် ကောင်လေး ကောင်လေးလို့ဘဲစိတ်ထဲကခေါ်တွင်ခဲ့သည်။သူ့ထက်အရပ်အနည်းငယ်ပုပြီးအနည်းငယ်ခန္ဓာကိုယ်သေးတာကြောင့် ထိုသို့ခေါ်မိတာလားတော့မသိ။

လွန်ခဲ့တော့သုံးနှစ်ကသူတို့ကျောင်း သူတို့အခန်းကိုပြောင်းလာတဲ့ကောင်လေးက များမကြာမီသူ့အားသဘောကျခဲ့သည်ထင်ပါရဲ့။သူကတော့ပုံမှန်အခြားသူတွေသူ့အားသဘောကျသလိုဟုထင်ခဲ့သည်။အချိန်တန်အငြင်းခံရရင်လက်လျှော့သွားလိမ့်မည်ဟူ၍။ အဲ့မှာသူမှားသွားတာပင်။

မှတ်မိသေးသည် ပထမဆုံးအကြိမ်သူ့အားဖွင့်ပြောလာတဲ့ကောင်လေးကို သူငြင်းခဲ့စဉ်ကအချိန်ကို။

"မင်းကငြင်းတာတောင် ချစ်ဖို့ကောင်းအောင်ငြင်းတတ်လိုက်တာ"

ထိုစကားကိုပြောတဲ့ကောင်လေးကပြုံးနေပြီးမျက်ဝန်းမှာအရည်ကြည်တို့ဝေ့သီနေခဲ့သည်။

ဘယ်လိုကြောင်တောင်တောင်ကောင်လေးလဲလို့ဟုပင်စိတ်ကတွေးမိလိုက်သေးသည်။ ဒီကောင်လေးနဲ့ဇာတ်လမ်းဒီမှာပြီးပြီဟုလဲတွေးကာပျော်ခဲ့မိသေးသည်။

What's wrong with him? (Completed)Where stories live. Discover now