" ဦးက ကြောက်ဖို့ မကောင်းပါဘူး ထယ်ယောင်းလေးရဲ့။ အရင်ဆုံး ဦးကို အခန်းထဲဝင်ပြီး စကားပြောခွင့်ပေးနော်။ အဲ့ဒါမှ ထယ်ယောင်းလေး ဦးကို အထင်လွဲပြီး စိတ်ဆိုးနေတာကို ​ဖြေရှင်းပေးလို့ရမှာလေ "

ဒီတစ်ကြိမ်တော့ ထယ်ယောင်းတို့ ဘာမှပြန်မ​ဖြေဘဲ အသံတိတ်နေလိုက်သည်။ သူ့ဦးကို နည်းနည်းလောက် ထကလိပြီးမှ တံခါးဖွင့်ပေးဖို့ကိုလည်း သူကြိုတွေးထားပြီးပြီ။

" တကယ်ကြီး ဦးကို တံခါးမဖွင့်ပေးတော့ဘူး ပေါ့လေ။ ဒါဆိုလည်း ရတယ်လေ။ မင်း ကျောင်းသွားဖို့အချိန်နီးလာရင် မဖြစ်မနေ အခန်းထဲက ထွက်လာရမှာပဲ။ မင်းအခန်းရှေ့မှာ ဦး ထိုင်စောင့်နေမယ် "

ဦးဘက်ကလည်း အဆုံးစွန်ထိ ခေါင်းမာပြလာပြီမို့ ထယ်ယောင်းလည်း သဘောကျစွာပြုံးရင်း တံခါး lockဆီ လက်လှမ်းလိုက်သည်။ တံခါးဖွင့်ပေးပြီးလျှင်တော့ စိတ်ဆိုးနေသည့်မျက်နှာထားကို ဆက်ထိန်းသိမ်းထားရသည်။

" ထယ်ယောင်းလေးက အရမ်းလိမ္မာတာပဲ။ နောက်ဆုံးတော့ ဦးကို တံခါးဖွင့်ပေးပြီ "

တံခါးဖွင့်ပေးပေးချင်း ပြောပြောဆိုဆိုဖြင့် အခန်းထဲ ဝင်လာပြီဖြစ်သော ဦးဂျွန်။ အရင်မြင်နေကျလိုမဟုတ်ဘဲ အပါးသား တီရှပ်လက်ရှည်ဝတ်ထားပြီး ဖုထစ်နေသောကြွက်သားစိုင်များကို အတိုင်းသားမြင်နေရသော ဦးပုံစံက  ထယ်ယောင်းကို တစ်ကိုယ်လုံး ပူလာစေသည်။

ပိုအရေးကြီးသည့် ကိစ္စကို လုပ်ဖို့ကလည်း အရေးကြီးနေတော့ စိတ်ခံစားချက်ကို ခဏမြိုချလိုက်ပြီး ဦးကို မကျေနပ်သလို မျက်ထောင့်နီကြီးဖြင့် စောင်းကြည့်လိုက်သည်။ သူ့မူပိုင် နှုတ်ခမ်းလေးကလည်း စိတ်ဆိုးတိုင်း ထော်ပြီးစူလျှက်သား။

" အဲ့ဒါကို အသာထားပါ။ ကျွန်တော် ဦးကို စိတ်ဆိုးနေတဲ့ ကိစ္စကို အရင်ရှင်းပါဦး။ ကျွန်တော့်မှာတော့ ဦးကို ကိုယ့်ဦးလေးအရင်းလို ရိုသေလေးစားလိုက်ရတာ။ ဦးကတော့ အဲ့လိုမဟုတ်ဘဲ ကျွန်တော့်အပေါ် မကောင်းတဲ့အတွေးတွေတွေးနေတယ်။ မနေ့ညက ကျွန်တော် ဘယ်လောက်ထိတောင် လန့်သွားလဲ သိရဲ့လား "

50 Shades of KimWhere stories live. Discover now