အန်ကယ်က ဖေဖေ မဖြစ်ချင်ဘူးလား။

Start from the beginning
                                    

အသည်းကွဲနေသော Cherryလေးသည် မျက်လုံးများကိုမှိတ်ကာ “ငတုံးဖေဖေ သမီး ဖေဖေ့ကို ဘယ်တော့မှ ချစ်တော့ဖူး” ဟုတွေးပြီး တဖြည်းဖြည်း အိပ်ပျော်သွားသည်။

ကံမကောင်းစွာပဲ၊ အဲဒီညမှာ သူတို့ အိပ်မပျော်နိုင် ဖြစ်နေကြတဲ့ သူတွေလဲ ရှိခဲ့တယ်။

Tina ဗီလာမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို တွေးပြီး  ကုတင်ပေါ် အကြိမ်ကြိမ်လှဲလိုက် ထထိုင်လိုက် ဖြင့် ထပ်ခါထပ်ခါ တွေးပြီးရင်း တွေးနေတုန်းပဲ။

Justin က သူမ ရောက်နေတဲ့ အချိန်ကတောင် သူမကို ကြည့်မနေခဲ့ပါ။ သူ့မျက်နှာတွင် အေးစက်သောအကြည့်ရှိရုံတင်မကဘဲ သူ့အမူအရာမှာလည်း သူပုံမှန်အလုပ်လုပ်နေပုံအတိုင်း ကွာနေတတ်သည် ။  သို့သော် ထိုအမျိုးသမီးကို တွေ့လိုက်သည့်အခိုက်တွင် သူ့မျက်လုံးများက သိသိသာသာ ပြောင်းလဲသွားသည်။

ဒါအပြင် သူက ထိုအမျိုးသမီးကို  'ဧည့်သည်လေး' လို့လဲ ပြောနေသေးတယ်...

သူမ၏အမြင်တွင်၊ သူတို့သည် တိတ်တခိုး ချိန်းတွေ့နေကြတဲ့ မိသားစုလေးယောက်နှင့် ပိုတူနေသည်။

ဒါပေမယ့် အဲဒါက ဘာကြောင့်လဲ?
သို့သော် Noraမှာ သမီးတစ်ယောက်ရှိနေပြီဖြစ်သည်။  သူမလို မိန်းမတစ်ယောက်က Justin လို ယောက်ျားနဲ့ ဘယ်လိုလုပ် ထိုက်တန်နိုင်ပါ့မလဲ။

ဒီအကြောင်းတွေ များများတွေးလေ သူ အိပ်မပျော် နိုင်လေလေပါပဲ။  ထို့ကြောင့် သူမသည် အခုတလော ရေပန်းစားနေသော အကြောင်းအရာများကို ရှာဖွေခြင်းဖြင့် သူ့ကိုယ်သူ အာရုံပြောင်းနိုင်ရန် ရည်ရွယ်ပြီး ဖုန်းကို ကောက်ကိုင်ကာ Facebook ကိုဖွင့်လိုက်သည်။

ခေတ်စားနေသော အကြောင်းအရာများစာရင်းတွင် အဲ့အကြောင်းရာသည် တတိယ အဆင့်ထိ ရှိနေခဲ့သည်။ Tina က ဒါကို ပေါ့ပေါ့ပါးပါး ကြည့်ရင်းနဲ့မှ Cherry အကြောင်း ပို့စ်ကို စဖတ်လိုက်တယ်။

အမည်မသိ live-streamer တစ်ယောက်အကြောင်း သိသွားပြီး နောက်တွင် သူမသည် ပို့စ်ကို အမှတ်တမဲ့ ကြည့်နေခဲ့တာ ဖြစ်သည်။ သူမ တခြားနေရာတွေကို ကြည့်မလို့ လုပ်နေစဉ်  ပို့စ်ထဲမှာပါတဲ့ ဓာတ်ပုံကို ရုတ်တရက် သတိထားမိလိုက်တော့သည်။  ဒါက... Pete?

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now