မင်းရဲ့ အသက် အန္တရာယ် ရှိလာလိမ့်မယ်...

Start from the beginning
                                    

Justin သည် မျက်ခုံးပင့်လိုက်သည်။  ထို့နောက် သူမ ဆက်ပြောသည်ကို ကြားလိုက်ရသည်။  "Lowes တွေက Hunts တွေဆီ အရင်ချဉ်းကပ်ခဲ့တယ်လို့ ကြားပေမယ့် Hunts တွေက ကမ်းလှမ်းတာကို ငြင်းဆန်ခဲ့တယ်လေ။"

Justin က လှောင်ပြောင်ရယ်မောရင်း ပြန်ဖြေခဲ့တယ်။

“ဒါပေမယ့် အပြင်လူတွေက ငါ့သားကို  စိတ်ဆိုးစေတယ်”

Noraသည် ခဏတာ စိုက်ကြည့်ကာ မျက်တောင်ခတ်လိုက်သည်။  သူမသည် လက်တစ်ဖက်ကို စားပွဲပေါ်တွင် ထားကာအခြားလက်တစ်ဖက်ဖြင့် ဟင်းရွက်များကို ပါးစပ်ထဲသို့ ပျင်းရိစွာ ထည့်လိုက်သည်။  "ကောင်းပြီ၊ မစ္စတာ Hunt သာ သူ့သားရဲ့ စိတ်ခံစားချက်ကို အခြေခံပြီး စီးပွားရေးလုပ်ခဲ့မယ်ဆိုရင်  Hunt ကော်ပိုရေးရှင်းက ယနေ့လို ဖြစ်လိမ့်မှာမဟုတ်ဘူးလေ။ ရှင်က စီးပွားရေးအတွက်ဆို  အမြဲတမ်း မျက်စိကောင်းရှိတာပဲဟာ။"

“…”

Justin သည် သူက ချီးကျူးစကား အမြဲပြောခံရကာ ကြီးပြင်းလာတဲ့သူဖြစ်သည်။  လူတိုင်းက သူ့ကို စီးပွားရေး ဉာဏ်ကြီးရှင်တစ်ယောက်လို့ ချီးကျူးကြပေမယ့် သူတို့ပြောတဲ့စကားကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့မိဘူး။

ဒါပေမယ့် သူ့မှာ စီးပွားရေးအတွက် အမြဲမျက်စိကောင်း ရှိတယ်လို့ ဒီအမျိုးသမီးက  ပြောတဲ့အခါ သူထူးထူးခြားခြား စိတ်ထဲ တကယ် ကောင်းနေတာပဲလို့ ခံစားလိုက်ရတယ်။

သူ့ဘေးနားက ပန်းသီးဖျော်ရည်တစ်ခွက်ကို ကောက်ကိုင်လိုက်ပြီး သူ့အပြုံးကို ဖုံးကွယ်ဖို့ တစ်ငုံ့သောက်လိုက်ပေမယ့် ပြန်ကြည့်လိုက်တော့ Nora က သူ့ကို ထိတ်လန့်စွာ စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။  သူမက "ဒီ ရှင်သောက်နေတဲ့ ဖျော်ရည်က ကျွန်မ ဖျော်ရည်လေ မစ္စတာ Hunt"

Justin "!!"

သူ့အကြည့်တွေက ဖျော်ရည်ဖန်ခွက်ကို တဖန် ကြည့်လိုက်တယ်။  ဖန်ခွက်နှုတ်ခမ်းသား ပေါ်တွင် ထိုအမျိုးသမီးရဲ့ ထိထားသော  နှုတ်ခမ်းသား၏ နွေးထွေးမှု အကြွင်းအကျန်များ ရှိနေပုံရသည်ဟု တွေးမိကာ  သူ့နှုတ်ခမ်းများလဲ အနည်းငယ် နွေးထွေးကာ ပူသွားသလို ခံစားလိုက်ရသည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now