တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်။

Start from the beginning
                                    

ခဏလောက် ထိတ်လန့်သွားပြီး နောက်ဆုံးမှာတော့ Tanya က "... တောင်းပန်ပါတယ် ရှင်တို့နှစ်ယောက်ကို တခြားတစ်ယောက်ထင်လို့ အထင်လွဲသွားတာပါ"

Justin က သူမကို လှမ်းကြည့်ကာ ဘာမှ မပြောပေ။  မျက်မှောင်ကြုတ်ကာ Pete ကို ကားထဲသို့ ခေါ်သွားပြီး ချက်ချင်း ထွက်သွားဆော့သည် ။

သူတို့ထွက်သွားပြီးနောက် Cherryက ပြေးထွက်သွားပြီး “မွေးစား မေမေ၊ မွေးစားအမေက သမီးတို့ကို လန့်သွားအောင် လုပ်လိုက်တာပဲ။  တော်သေးတယ် မွေးစားအမေက သမီးတို့ကို ဖော်ထုတ်ခါနီးပဲ~"

Tanya “…”

အိမ်အပြန်လမ်းတွင် Cherryက “အမေ့ကို မပြောနဲ့နော် မွေးစားအမေ။  သူရူးသွားလိမ့်မယ်!"

Tanya က တစ်ခုခုပြောခါနီးမှာ ချယ်ရီက သက်ပြင်းချလိုက်ပြီး "မွေးစား အမေက အရမ်းလှတယ်၊ နူးညံ့တယ်၊ နားလည်တယ်၊ ဒါကြောင့် Cherryရဲ့ တောင်းဆိုမှုကို သေချာပေါက် သဘောတူမှာ ဟုတ်တယ် မဟုတ်လား။  Cherry အရိုက်ခံရမှာကို မကြည့်ရက်ဘူးမလား။  သမီးသိပါတယ်။  Tanyaကသာ သမီးရဲ့ ထာဝရအကောင်းဆုံး အမေပဲ!”

“…”

Tanya က သူမလဲ ပြန်မငြင်းနိုင်တော့အဲ ဒီအတိုင်းထားထားလိုက်တော့သည်။

သူတို့၂ဦး သဘောတူညီချက်တစ်ခုရရှိပြီးနောက်  Andersons သို့ ပြန်သွားခဲ့ကြသည်။

ဝင်လိုက်သည်နှင့် ခြံဝင်းအတွင်းရှိ ဒန်းပေါ်တွင် မျက်လုံးမှိတ်ကာ အနားယူရင်း  ထိုင်နေသော Noraကို တွေ့လိုက်ရသည်။

Cherry, "…"

ကားသံကြားသောကြောင့် Noraသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။  သူမ၏မျက်ခွံများသည် မှုန်ကုပ်နေသေးပြီး သူမ၏ကမ္ဘာ့ငြီးငွေ့နေသော မျက်နှာသည်ပင် သပ်ရပ်လှပနေပေသည်။

သို့သော်လည်း သူမသည် Cherryကို  အပြုံးတစ်ခုဖြင့် ကြည့်ကာ ပြောလိုက်သည်။

"Cherry နင့်ရဲ့ သူငယ်တန်းဆရာမကအခုပဲ ဖုန်းခေါ်တယ်"

Cherry, "??"

သူမရင်ထဲတွင် အနည်းငယ်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး သူမဘာသာသူမ 'သေချာတယ် မဟုတ်ဘူးလား?  Pete က အမှားတွေတော့ လုပ်လာမှာတော့ မဟုတ်ဘူးမလား။'

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now