1850s,ဖလော်ရီဒါပြည်နယ်
ဖလော်ရီဒါကျွန်းဆွယ်ရှိမြို့ငယ်လေးရဲ့ လမ်းပေါ်တွေမှာ တေးတူရိယာပေါင်းစုံနဲ့ ကျား၊မ
မရွေး တေးသီချင်းတွေသီဆိုကခုန်နေကြသည်ကို အထပ်မြင့်အိမ်တိုင်းလိုလိုက လူတွေကလဲ လက်ခုပ်တီးအားပေးနေကြသည်။အမျိုးသမီးငယ်တစ်ချို့ကလဲ မနိုင့်တနိုင်ဂါဝန်ထူကြီးတွေကို မကာ ခြေထောက်ကိုအသုံးပြုရ၍ ကရသည့် ကကွက်တစ်ချို့ကို
ဝင်ရောက်ကခုံနေကြသည်။ထိုလူအုပ်စုထဲမှာ
လူငယ်ကောင်လေး ဂျွန်လီယို လဲအပါအဝင်ဖြစ်သည်။ဂျွန်လီယို ဆိုတာ မြို့ထဲမှာမသိသူမရှိအောင်
ချောမောမှုကြောင့် သတင်းမွှေးသလို၊တစ်မြို့လုံးရဲ့ အလုပ်မှန်သမျှသူနဲ့မကင်းတာကြောင့် ပါလေရာလီယို လို့လဲချစ်စနိုးခေါ်ကြသေးပြန်သည်။"ဒီနေ့ဒီလောက်ဘဲ.. မိတ်ဆွေတို့နဲ့ကခုန်ရတာ တစ်ကယ်ပျော်ခဲ့ရပါတယ်"
သိပ်ယဉ်ကျေးလိမ္မာသလို ဘက်စုံထူးချွန်သူလေးမို့ မြို့ထဲကပျိုမဒီတွေရဲ့ စိတ်ဝင်စားခြင်းအခံရဆုံးဆုကို ရရှိထားတဲ့ ဂျွန်လီယိုလေးဟာ ချမ်းသာသောမျိုးနွယ်တစ်ယောက်မဟုတ်တဲ့အတွက် နေ့တိုင်းအချိန်ပိုင်းအလုပ်တွေနဲ့သာကုန်ဆုံးတယ်။
သူအလုပ်ပေါင်းစုံနေအောင်လုပ်တယ် ငါးဖမ်းသွားတယ် ဖမ်းလို့ရတာတွေကို ငါးဒိုင်ဆီပို့တယ်။မနက်ခင်း သတင်းစာရော ညနေစာပို့သမားဆိုလဲ သူပါဘဲ။သွားရင်းလာရင်း
ဝင်ကူညီစရာမြင်ရင်လဲ သူ မတွေဝေဘဲကူညီတတ်ပြန်ရော။နောက်ဆုံးသူ့မှာ ဘိုးဘွားပိုင်ခြံလေးထဲ ပန်းပင်တွေစိုက်တယ်။မြို့ထဲကပန်းလိုချင်သူတွေရှိရင်လဲ အလှဆင်ပြီးလိုက်ပို့တတ်သေးတာ အများစုပန်းမှာသူတွေကတော့ အလှပကေးလေးတွေပေါ့။ရတဲ့ဝင်ငွေတွေကိုတော့ "သူမိန်းမယူဖို့စုနေတာ" ဆိုပြီး လူတွေကဝိုင်းစတတ်ကြတယ်။
နောက်တစ်ခုဘယ်သူမှမသိအောင် သူခံစားချက်စာတိုတွေလဲရေးဆက်တတ်သေးသည်။
အခုကတော့ မြို့ထဲကပြန်လာပြီး သူ့နှင်းဆီပန်းခင်းထဲ မြေတွေတူးဆွရင်းအလုပ်ရှုတ်နေပြန်တယ်။
YOU ARE READING
𝐓𝐡𝐞 𝐀𝐫𝐨𝐥𝐢𝐠𝐡𝐭𝐳𝐞𝐫(One Shot)
Fanfiction𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤𝐗𝐎𝐜(𝐔𝐧𝐢+𝐙𝐚𝐰𝐠𝐲𝐢 𝐜𝐨𝐝𝐞) ပန်းပျိုးသူနှင့်ပန်းကလေး၏ရာဇဝင်။ April 22,2022