Extra( အခမ်းနားဆုံး လက်ထပ်ပွဲ)

Start from the beginning
                                    

"အကို.... ကျွန်တော်"

ညို့ငင်ခြင်းအတတ်ကိုတတ်သည့် ကဝေငယ်တစ်ကောင်လို သူ့မျက်ဝန်းများက ညှို့ငင်အားအပြည့်။

"အွန်း....ပြောလေ"

"မနက်ကျအစည်းအဝေးရှိလို့.. "

"အင်း...ကိုနားလည်တယ်"

ဒီလိုပါပဲ။နှစ်ဦးကြားမှာ မအားလပ်တဲ့အချိန်တွေသိပ်များသည်။မနက်ကျကျွန်တော်က ဆေးခန်းပြေး ၊မှူးက အလုပ်သွား။ညဘက်ကျမှ အလွမ်းသယ်ပြန်တော့ တစ်ခါတစ်လေ စီးပွားရေးသမားကမအားလိုက် ကျွန်တော်ကမအားလိုက်နှင့်။

သို့ပေမယ့် နားလည်မှုတွေလျော့ကျမသွား။တည်ဆောက်ခဲ့တဲ့ နားလည်မှု၊နွေးထွေးမှုတွေယနေ့ထိတိုင်ရှိနေဆဲပဲ။

"ကိုမေးမယ်...ကို့ကိုချစ်လား"

" မယုံလို့မေးတာလား"

ညှို့မှိုင်းသွားသောသူ့မျက်ဝန်းများကြောင့် ခေါင်းကိုအကြိမ်ကြိမ်ခါမိသည်။မှူး အထင်လွဲသွားတာလား။

"မဟုတ်ဘူး။ကိုကြားချင်လို့...."

"သိသားပဲ...."

အခုမှပြုံးရိပ်သန်းလာတဲ့ချစ်သူ့မျက်နှာ။

" ဒါဆိုဖြေ ချစ်လား... "

"ဟင့်အင်း..မုန်းတယ် အကို့ကိုလက်ထပ်ချင်တဲ့အထိမုန်းတယ်...ဟီး.. "

သူ့ဘာသာပြောပြီး သူ့ဘာသာရယ်နေတဲ့ကောင်လေး။ဆရာဝန်ဆိုတဲ့ ဂုဏ်အားလုံး မှူးရှေ့မှာမလို ။တစ်ခါတစ်လေ သူကလူကြီး ကျွန်တော်က ကလေး။စချင်သလို စတတ်သေးသည်။

"အကို..ကျွန်တော်အိပ်ချင်ပြီ"

"အွန်း.....ဂွတ်နိုက်အချစ်"

ပါးပြင်နုနုဆီအနမ်းခြွေပြီး ရင်ခွင်ထဲဆွဲသွင်းတော့ ပြန်လည်သိုင်းဖက်လာသည်။

"ချစ်တယ်...မှူးကို သေမတတ်ချစ်တယ်"

ထိုစကားကို ရင်ခွင်ထဲမှကလေးငယ်တော့မကြားနိုင်ပါချေ။ ထိုစကားသည် ထိုမျှအထိ တိုးလွန်းသောကြောင့်။

...............

ကြည်လင်သောနံနက်ခင်းဝယ် အရာအားလုံးသည် အေးချမ်း တိတ်ဆိတ်လျက်။ဤနေရာတစ်ခုမှလွဲ၍ပေါ့။ ပျော်ရွှင်အံ့သြမှုတို့ကြောင့်ထွက်ပေါ်လာသည့်အသံတို့သည် ခန်းမတစ်ခုလုံးအပြည့်။

ညှို့မျက်ဝန်းမှာခကြွေသူ (Completed)Where stories live. Discover now