" ဦး.. ထယ် နားမလည်တာကလေ ဒီနားလေး။ ဒီလောက်များတဲ့ Equationအရှည်ကြီးကနေ Xတန်ဖိုးကို ဘယ်လိုရှာရမလဲ မသိဘူး။ ဟောဒီမှာ Xဆိုပြီး ခဲတံနဲ့ဝိုင်းပြလိုက်လို့ မရဘူးလား "

နားလည်းနားလည်သလို ကျွမ်းကျွမ်းကျင်ကျင်လည်း တွက်တတ်နေပြီသား သင်္ချာပုစ္ဆာကို တမင်တကာ ရှင်းပြခိုင်းနေသော ထယ်ယောင်း။ မေးလေးထောက်ပြီး စိတ်ညစ်နေသလိုလို ရှုံ့မဲ့မဲ့မျက်နှာလေးက ဦးကို တမင်လာရှုပ်မှန်း သိပ်ကိုသိသာလွန်းသည်။

" သြော် ငါကတော့ တကယ်ကြီး စာနားမလည်လို့ လာမေးတယ်ထင်နေတာ။ မင်းက ဦးကို တမင်လာရှုပ်တယ်ပေါ့လေ ငရှုပ်ကလေး။ အပြစ်ပေးခံချင်နေပြီလား ဟမ် "

ခေါင်းလေးကို ခပ်ဖွဖွပုတ်ရင်း မေးလာသော ဦးကို ထယ်ယောင်းတို့ လျှာလေးထုတ်ပြီး မျက်နှာပြောင်ပြလိုက်သည်။ ပေးချင်တဲ့ အပြစ်ပေး မကြောက်ဘူးဆိုသည့်သဘောဖြင့် ပြောင်စပ်စပ်လုပ်ပြနေတဲ့ ဒီဟာလေးကြောင့် ဂျောင်ဂုတို့ ရင်ထဲ ကလိကလိဖြစ်ရပြီ။

" မင်းက လျှာတောင်ထုတ်ပြလိုက်သေးတယ်ဆိုတော့ အပြစ်ပေးခံရမှာ မကြောက်တဲ့သဘောပေါ့လေ။ ဒါဆို မင်းကို အပြစ်ပေးတော့မယ် လာထား "

ဂျောင်ဂုက ပြောပြောဆိုဆို ထယ်ယောင်းခါးကစ၍ တစ်ကိုယ်လုံးကို ကလိလိုက်ထိုးပစ်လိုက်တော့ တစ်ကိုယ်လုံးတွန့်လိမ်ကာ ယားနေရှာပါသော အနှီကိုယ်တော်လေး။

" ဟာ အဲ့လို အကျင့်မယုတ်ရဘူးလေ ဦးရဲ့။ အ...ယားတယ်လို့ "

နောက်ဆုံး မခံနိုင်သည့်အဆုံးတော့ ထယ်ယောင်းတို့ ဦးလက်ထဲကလွတ်အောင် ထပြေးမိသည်။ သို့သော် လူကုံထံအိမ်ပီပီ အခန်းကျယ်လွန်းတော့ ထွက်ပြေးဖို့ကြိုးစားသော အကောင်ပေါက်လေးကို ဦးဂျွန်တို့ အမိဖမ်းလိုက်နိုင်သည်။

" ပြောတော့ အပြစ်ပေးခံရမှာ မကြောက်ဘူးဆို။ အခု ဘာလို့ ထွက်ပြေးရတာလဲ။ ငါ့ကို ကလိကလိဖြစ်အောင်လုပ်ပြီး အခုလို ထွက်ပြေးလို့မရဘူး လာထား "

နောက်ဘက်ကနေ ဖက်လျှက်သား ဖမ်းမိထားသော ထယ်ယောင်းကို နံရံနားကပ်ရင်း ထပ်ပြီးကလိထိုးနေပြန်သော ဂျောင်ဂု...။ လက်တစ်ဖက်က ကလိထိုးဖို့သုံးနေရ၍ ကောင်းကောင်းမချုပ်ထားနိုင်တော့ ထယ်ယောင်းက လွတ်အောင်ရုန်းပြီး ထပ်ထွက်ပြေးပြန်သည်။

50 Shades of KimWhere stories live. Discover now