"မဟုတ်ပါဘူး ဟို ငါက ''

"ကျန့်ကော မလိုက်ချင်လည်း အငှားကားပဲ ဖြစ်ဖြစ် ကျွန်တော် ခေါ်ပေးမယ်လေ''

" အမှန်အတိုင်းပြောရရင် ငါက ကား စီးလို့ မရလို့ ငယ်ငယ်က အဖြစ်အပျက်ကြောင့် ဘာ ဇိမ်ခံကားမှ စီးမရဘူး ငါ စီးလို့ရတဲ့ကားက busတို့ လိုက်ထရပ်ခ်တို့ လောက်ပဲ စီးနိုင်တာ ငါ ပြောရမှာ ရှက်လို့ပါ ဟို မင်းကြောင့် မဟုတ်ပါဘူး ''

" အာ... အ့လိုလား ကျွန်တော်က မသိလို့ပါ ကော ခဏလေးနော် ''
ဆိုပြီး သူက ထပြီး ဖုန်းသွားပြောတယ်

သူဖုန်းပြောပြီး ၁၅ မိနစ်လောက်နေတော့ ဆိုင်ကယ်တစ်စီးနဲ့ ကောင်လေး ရောက်လာတယ်
"ဟို ကော ကောပြောတဲ့အတိုင်း ကျွန်တော် ယူလာတယ်နော် ဒီမှာ သော့''

" ကျေးဇူး ချန်ဟွေ့ မနက်ဖြန်မှ ပြန်ပေးမယ်နော်''

"ရပါတယ် ကော ဒါနဲ့ ဘာလုပ်မလို့လဲဟင်''

" ငါ ကျန့်ကော ကို ပြန်လိုက်ပို့မလို့ ကဲပါ စကားရှည်မနေနဲ့ ကားကိုသာ သေချာမောင်းပြီး သွား ကျန့်ကော လာလေ''

"ဟင်...အင်း''

ကလေးပေါက်က သူကိုယ်တိုင် ဆိုင်ကယ်ဦးထုပ်စောင်းပြီး ရှောင်ကျန့်ကို ဆိုင်ကယ်ဦးထုပ် စောင်းပေးဖို့ လုပ်ပေးပေမယ့် ရှောင်ကျန့်က ကလေးပေါက်က စောင်းပေးရတာဆိုတော့ imageကျမှာ ကြောက်လို့ ကိုယ့်ဘာသာကိုယ် ပဲ စောင်းလိုက်တယ်

"ကော သေချာကိုင်ထားနော် ကျွန်တော် မောင်းပြီ''

"အွန်း''

"ဝေါ''

"အမလေး''

"Sryနော် ကော ကျွန်တော် ဖြည်းဖြည်းပဲ မောင်းပါ့မယ်''

ချန်ဟွေ့တစ်ယောက် သူရှေ့ကနေ ဝေါခနဲ မောင်းထွက်သွားတဲ့ ရိပေါ်ကောနဲ့ အကိုကြီးတစ်ယောက်ကို ကြောင်တောင်တောင်ပဲ ကြည့်နေမိလိုက်တယ်
ချန်ဟွေ့ စဥ်းစားမရဘူး ကားအကောင်းစားကြီးကို ထားခဲ့ပြီး ဆိုင်ကယ်နဲ့ လိုက်ပို့ရတယ်လို့
တွေးမနေတော့ဘဲ ကားကိုသာ ယူပြီး ကောတိုက်ခန်း သွားပို့ဖို့ လုပ်လိုက်တော့တယ်

"ကော ပြုတ်ကျမှာ ကြောက်ရင် ဖက်ထားလို့ ရတယ်နော်''

"အေးအေးအေး ''
ရှောင်ကျန့်လည်း မရဲတရဲနဲ့ ကလေးပေါက်ခါးကို သေချာဖက်လိုက်မိတော့တယ်
တကယ့်ကို ကလေးပေါက်ပါပဲ ခါးလေးက သေးသေးလေး အမြင်ထက်ကို လက်တွေ့ကျ ပိုသေးလွန်းနေတယ်

You💕💕💕(unicode +zawgyi )Where stories live. Discover now